
ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဂေဟဗေဒ ယဉ်ကျေးမှုဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအခေါ်ကို ဥပဒေ၌ ပထမဆုံးအကြိမ် ထည့်သွင်းပြဋ္ဌာန်းထားသည့် တရုတ်နိုင်ငံ၏ အထင်ကရ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကျမ်းသည် ဩဂုတ် ၁၅ ရက်၌ စတင်အသက်ဝင်လာမည်ဖြစ်သည်။
ထိုအတွေးအခေါ်၏ ပင်မအယူအဆမှာ "ကြည်လင်ပြီး စိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ရတနာတွေဖြစ်တယ်" ဟု လွန်ခဲ့သော ၂၁ နှစ်တွင် ထိုစဉ်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏ ပါတီအကြီးအကဲဖြစ်သူ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တောင်ပေါ်ကျေးရွာလေး တစ်ရွာသို့ သွားရောက်စဉ် ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့သည့် အယူအဆကို ပြန်လည်ခြေရာကောက်ထားခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း အဆိုပါ အယူအဆသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတစ်ရပ်အဖြစ် ပြောင်းလဲလာခဲ့ကာ ဂေဟစနစ် ကာကွယ်ထိန်းသိမ်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သဟဇာတဖြစ်အောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ပုံဖော်ရာတွင် အထောက်အကူပြုခဲ့သည်။
စိမ်းလန်းသော လမ်းကြောင်း
၂၀၀၅ ခုနှစ် ဩဂုတ်လတွင် ရှီသည် ယွီချွမ်းကျေးရွာသို့ သွားရောက်ခဲ့သည်။ ထိုရွာသည် ပတ်ဝန်းကျင်ညစ်ညမ်းစေသော သတ္တုတွင်းများကို ပိတ်သိမ်းကာ စိမ်းလန်းသော ဖွံ့ဖြိုးမှုလမ်းကြောင်းသစ်ကို လျှောက်လှမ်းနေကြောင်း သိရှိခဲ့ပြီးနောက် ရှီက ၎င်းတို့၏ ရွေးချယ်မှုမှာ အမြော်အမြင်ရှိသော လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး "ကြည်လင်ပြီး စိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ရတနာတွေဖြစ်တယ်" ဟူသော နာမည်ကျော် အယူအဆကို ထုတ်ဖော်ပြောဆိုခဲ့သည်။
နောင်နှစ်များတွင် ယွီချွမ်းရွာသူရွာသားများက ကျေးလက်ခရီးသွားလုပ်ငန်းနှင့် ကာဗွန်စုပ်ယူမှု စီမံကိန်းများကို ဖော်ဆောင်ခဲ့ရာ ၀င်ငွေတိုးပွားစေရန်နှင့် ပိုမိုကောင်းမွန်သော ဘဝများကို တည်ဆောက်နိုင်စေရန် အထောက်အကူပြုခဲ့သည်။
"စိမ်းလန်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မှန်ကန်တဲ့လမ်းကြောင်း ဖြစ်တယ်ဆိုတာကို ရွာသူ၊ ရွာသားတွေရဲ့ အောင်မြင်မှုတွေက သက်သေပြနေပါတယ်။ အဲဒီလမ်းကြောင်းကို ရွေးချယ်ပြီးပြီဖြစ်လို့ ရှေ့ဆက်ပြီး လျှောက်လှမ်းရပါမယ်" ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ၂၀၂၀ ပြည့်နှစ် မတ်လတွင် အဆိုပါရွာသို့ ပြန်လည်သွားရောက်စဉ် ထည့်သွင်းပြောကြားခဲ့သည်။
စီးပွားရေးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်၍မရဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကသာလျှင် ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းအမြစ် ဖြစ်လာနိုင်သည်ဟူသော စိမ်းလန်းသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံကို ယွီချွမ်းကျေးရွာက တစေ့တစောင်း လှစ်ဟပြလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် စိမ်းလန်းပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုကို ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအတွက် အခြေခံဖြေရှင်းချက်အဖြစ် ဆက်လက်ထားရှိရမည်ဖြစ်ကာ စိမ်းလန်းသော ကုန်ထုတ်လုပ်မှုပုံစံများနှင့် လူနေမှုပုံစံများ ဖြစ်ပေါ်လာစေရန် အရှိန်မြှင့်ဆောင်ရွက်ရမည်ဟု ၂၀၂၃ ခုနှစ်က ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ရှီက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဇွန်လတွင် ရှီက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ယန်ဇီမြစ်ကြောင်းတစ်လျှောက်ရှိ ရီပင်းမြို့သို့ လေ့လာစစ်ဆေးရေးခရီး သွားရောက်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260814/4cd768a035b745778354a072aed03d96/c.html
....................................................................
(English Version)
Xi Focus: Charting a green path to development
BEIJING, Aug. 14 (Xinhua) -- China's landmark Ecological and Environmental Code, which for the first time enshrines Xi Jinping Thought on Ecological Civilization in law, will take effect on Saturday.
The core idea of the thought traces back to a concept first expressed 21 years ago by Chinese President Xi Jinping, then Party chief of east China's Zhejiang Province, during a visit to a small mountain village: "Lucid waters and lush mountains are invaluable assets."
Over the past two decades, the concept has evolved into a national development strategy, helping shape the country's efforts to reconcile ecological conservation with economic development.
GREEN PATH
In August 2005, Xi visited Yucun Village. After learning that the village had shut down polluting mines to pursue a greener path, he called their choice a "wise move" and introduced the now-famous idea that "lucid waters and lush mountains are invaluable assets."
In the following years, residents of Yucun have developed rural tourism and carbon-sink projects, which helped them raise incomes and create better lives.
"Your achievements prove that green development is the right path. Having chosen it, we must press ahead," Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, said during a return visit to the village in March 2020.
Yucun offers a glimpse into China's approach to green development: economic growth must not come at the expense of the environment, and environmental protection itself can become a source of development.
China should maintain green and low-carbon development as the fundamental solution to ecological and environmental issues, accelerate the formation of green production modes and lifestyles, Xi said at a conference in 2023.
In June 2022, Xi made an inspection tour to Yibin, a city along the Yangtze River in southwest China's Sichuan Province.
https://english.news.cn/20260814/4cd768a035b745778354a072aed03d96/c.html
English Caption
An aerial drone photo taken on Aug. 11, 2023 shows people visiting Yucun Village of Anji County, east China's Zhejiang Province. (Xinhua/Weng Xinyang)








