ရန်ကုန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၆ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအတက်တွင် YBS (၁) စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အနာဂတ်လင်းလက်လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ငြှိမ်းသတ်ခဲ့ရာ အချိန် ၂ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
#YBSယာဉ်မီးလောင်








