တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ကျော်ယွဲ့စင်တာ စီးပွားရေးဇုန်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ကျော်ယွဲ့စင်တာ စီးပွားရေးဇုန်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေးအား လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဩဂုတ် ၁၇ ရက်မှ ၂၈ ရက်အထိ လျောင်နင်ပြည်နယ် တာ့လျန်မြို့တွင် APEC တတိယအကြိမ် အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လက်ခံကျင်းပမည်ဖြစ်သည်။ မေးမြန်းချက်အရ အစည်းအဝေးပြင်ဆင်မှု အခြေအနေများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဩဂုတ် ၁၄ ရက်တွင် မိတ်ဆက်ပြောကြားခဲ့သည်။

ယခုအကြိမ်အစည်းအဝေးသည် တက်ရောက်သူဦးရေအများဆုံးနှင့် အခမ်းအနား အကြိမ်အရေအတွက် အများဆုံးဖြစ်သော အဆင့်မြင့်အရာရှိများအစည်းအဝေးဖြစ်ပြီး APEC မူဘောင်အောက်ရှိ နယ်ပယ်ကဏ္ဍစုံ၊ ယန္တရားစုံ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုရရှိစေရန် တွန်းအားပေးကာ နိုဝင်ဘာလတွင် ကျင်းပမည့် ခေါင်းဆောင်များအစည်းအဝေးအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

အစည်းအဝေးကာလအတွင်း အဆင့်မြင့်အရာရှိများအစည်းအဝေး မျက်နှာစုံညီအစည်းအဝေး၊ အဆင့်မြင့်အရာရှိများအစည်းအဝေးအောက်ရှိ ကော်မတီအစည်းအဝေးများ၊ လုပ်ငန်းအဖွဲ့ အစည်းအဝေးများနှင့် နှီးနှောဖလှယ်ပွဲများ စသည့် ဆက်စပ်အစည်းအဝေးများကို ကျင်းပမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စားနပ်ရိက္ခာ၊ အကောက်ခွန်၊ သိပ္ပံနှင့်နည်းပညာ၊ စွမ်းအင်၊ ကျန်းမာရေး၊ ဘေးအန္တရာယ်လျော့ပါးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စသည့် နယ်ပယ်များစွာကို လွှမ်းခြုံထားကာ အစည်းအဝေး အခမ်းအနားပေါင်း ၁၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း၊ APEC အဖွဲ့ဝင် စီးပွားရေးအုပ်စုများ၊ အတွင်းရေးမှူးဌာန၊ စက်မှုစီးပွားရေးအကြံပေးကောင်စီနှင့် ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကောင်စီ စသည်တို့မှ ကိုယ်စားလှယ် ၂,၃၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

“အစည်းအဝေးကျင်းပမယ့် တာ့လျန်မြို့ဟာ အရှေ့မြောက်ပိုင်းဒေသရဲ့ ပြင်ပသို့ တံခါးဖွင့်လှစ်မှုအတွက် ပြတင်းပေါက်မြို့တော်ဖြစ်ပါတယ်။ ခိုင်မာတဲ့ စက်မှုလုပ်ငန်းအခြေခံအုတ်မြစ်၊ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်၊ ထင်ရှားတဲ့ ပထဝီဝင်အနေအထား အားသာချက်၊ လှပတဲ့ရှုခင်း၊ နေထိုင်ဖို့ ကောင်းမွန်သင့်တော်တဲ့မြို့ ဖြစ်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့ပြီး သတင်းထောက်များအနေဖြင့် တတိယအကြိမ်မြောက် အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အနီးကပ် သတင်းတင်ဆက်ရန်၊ APEC “တရုတ်နှစ်” ကို ဆက်လက်စောင့်ကြည့်၍ ပံ့ပိုးပေးရန် ကြိုဆိုကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

...................................

(Chinese Version)

外交部介绍亚太经合组织第三次高官会筹备情况

新华社北京8月14日电 作为2026年亚太经合组织(APEC)东道主,中方将于8月17日至28日在辽宁省大连市举办APEC第三次高官会及相关会议。外交部发言人郭嘉昆14日应询介绍了会议筹备情况。  

郭嘉昆说,此次会议是出席人员规模最大、活动场次最多的一次高官会,将推动APEC框架下各领域、各机制达成更多合作成果,为11月领导人会议做好准备。  

郭嘉昆说,会议期间将举行高官会全会以及高官会下设委员会会议、工作组会和研讨会等相关会议,涉及贸易、交通、粮食、海关、科技、能源、卫生、减灾、反腐败等多个领域,包括近130场会议活动。预计将有来自APEC各成员经济体、秘书处、工商咨询理事会、太平洋经济合作理事会等2300余名代表与会。  

“会议举办地大连是东北地区对外开放的窗口城市,产业基础雄厚、营商环境优良、区位优势突出、风景秀美宜居。”郭嘉昆说,欢迎各位记者朋友密切跟踪报道第三次高官会及相关会议,继续关注和支持APEC“中国年”。(完)

图说:这是8月10日拍摄的深圳卓悦中心商圈。新华社记者 梁旭 摄