
ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ထံသို့ တောင်ကိုရီးယားအစိုးရ တည်ထောင်ခြင်း ၇၈ နှစ်မြောက်အတွက် ဂုဏ်ပြုသဝဏ်လွှာအား ဩဂုတ် ၁၅ ရက်တွင် ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အရေးပါသော အိမ်နီးချင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၄ နှစ်တာကာလအတွင်း နှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် အပြန်အလှန် အောင်မြင်မှုများ ရရှိကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နယ်ပယ်ကဏ္ဍအသီးသီး ပူးပေါင်းဖလှယ်မှုတွင် ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
ယမန်နှစ်ကုန်နှင့် ယခုနှစ်ဆန်းပိုင်းတွင် မိမိသည် သမ္မတ လီဂျေမြောင်နှင့် အပြန်အလှန် ခရီးစဥ်သွားရောက်လည်ပတ်မှုများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး တရုတ်-တောင်ကိုရီးယားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မိမိသည် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပြီး အဆွေတော် သမ္မတနှင့်အတူ ကြိုးပမ်းကာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို မှန်ကန်သောလမ်းကြောင်းအတိုင်း ဆက်လက်တိုးတက်သွားရန် တွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးသုခကို ပိုမိုကောင်းမွန်စွာ ဆောင်ကြဉ်းပေးနိုင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုကြီးမားသော အကျိုးထမ်းပိုးမှုများ ပြုလုပ်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
习近平就韩国政府成立78周年向韩国总统李在明致贺电
新华社北京8月15日电 8月15日,国家主席习近平致电韩国总统李在明,祝贺韩国政府成立78周年。
习近平指出,中韩是重要近邻和合作伙伴。两国建交34年来,在双方共同努力下,相互成就、共同发展,各领域交流合作成果丰硕。去年底今年初,我同李在明总统成功实现互访,为中韩关系发展作出战略指引。我高度重视中韩关系发展,愿同总统先生一道努力,推动中韩战略合作伙伴关系沿着正确轨道不断前进,更好造福两国人民,为地区乃至世界和平与发展作出更大贡献。(完)
图说:1月5日下午,国家主席习近平在北京人民大会堂同来华进行国事访问的韩国总统李在明举行会谈。会谈后,两国元首共同见证签署合作文件。新华社记者 岳月伟 摄








