တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကျုံးခရိုင် လီကျီပါ့ ရှုခင်းကြည့်ပလက်ဖောင်းတွင် နိုင်ငံခြားခရီးသွားဧည့်သည်များက အပေါ့စားရထားကို “စားနေသည့်” ဟန်ပန်ဖြင့် ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကျုံးခရိုင် လီကျီပါ့ ရှုခင်းကြည့်ပလက်ဖောင်းတွင် နိုင်ငံခြားခရီးသွားဧည့်သည်များက အပေါ့စားရထားကို “စားနေသည့်” ဟန်ပန်ဖြင့် ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် “China Cool” ဆိုသည့် ပြည်ပလူမှုကွန်ရက် အကြောင်းအရာ၏ ရေပန်းစားမှုမှာ ဆက်လက်မြင့်တက်လျက်ရှိသည်။ တရုတ်နိုင်ငံအနောက်ပိုင်းရှိ မြို့ကြီးတစ်မြို့ဖြစ်သော ချုံချင့်မြို့သည် ၎င်း၏ထူးခြားသော တောင်တန်းမြေမျက်နှာသွင်ပြင်နှင့် မြို့ပြရှုခင်းများကြောင့် ပြည်ပလူမှုကွန်ရက်ပလက်ဖောင်းများတွင် လျင်မြန်စွာ လူသိများလာကာ ကမ္ဘာတစ်ဝန်းမှ ခရီးသွားဧည့်သည်များ၏ နှစ်သက်အားကျခြင်းကို ခံရသော နိုင်ငံတကာအဆင့် “အေးမြလန်းဆန်းသော အပန်းဖြေခရီးစဉ်” နေရာတစ်ခု ဖြစ်လာခဲ့သည်။

အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် ချုံချင့် ကျန်းပေ နိုင်ငံတကာလေဆိပ်မှ နိုင်ငံခြားသားခရီးသည် ဝင်ထွက်သွားလာမှု အကြိမ်ရေမှာ ၆၁၀,၀၀၀ ကျော်ရှိပြီး ယမန်နှစ် ကာလတူထက် ၈၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။

နေသာ၍ ပူပြင်းသော ရာသီဥတုတွင် ခရီးသွားဧည့်သည်များ လည်ပတ်သွားလာမှုအတွေ့အကြုံ ပိုမိုကောင်းမွန်စေရန်အတွက် ချုံချင့်မြို့သည် မြို့တွင်း လက်ရှိအေးမြသော အရင်းအမြစ်များကို အပြည့်အဝ အသုံးချကာ မြို့တစ်မြို့လုံးရှိ လည်ပတ်သွားလာရေး အထောက်အကူပြုအဆောက်အအုံများကို အဆင့်မြှင့်တင်ခဲ့သည်။ ရေပန်းစားနေသည့် စျေးဝယ်စင်တာများနှင့် အွန်လိုင်းတွင်နာမည်ကြီးသော လမ်းများတွင် ရေမှုန်ထုတ်ပေးခြင်းဖြင့် အပူချိန်လျှော့ချခြင်း၊ လေအေးများပေးပို့ခြင်းစသည့် ပြည်သူ့အကျိုးပြုအဆောက်အအုံများ တပ်ဆင်ထားရှိပြီး အေးမြလန်းဆန်း၍ သက်သောင့်သက်သာဖြစ်သော မြို့ပြလမ်းလျှောက်ခရီးစဉ်ကို ဖန်တီးပေးထားသည်။ မြို့တွင်းရှိ လေကြောင်းရန်ကာကွယ်ရေးလိုဏ်ခေါင်းများ၊ အများပြည်သူစာဖတ်ခန်းများ စသည့် နေရာများကို ပုံမှန်ဖွင့်လှစ်ထားပြီး တောင်တန်း၊ ရေပြင် အရင်းအမြစ်များကို ပေါင်းစည်းကာ ရေကစားနိုင်သော လှုပ်ရှားမှုများ၊ လျှိုမြောင်စူးစမ်းလေ့လာရေးစသည့် ထူးခြားသော ယဉ်ကျေးမှုနှင့်ခရီးသွားလမ်းကြောင်းများစွာကို ဖန်တီးကာ မြို့တစ်မြို့လုံးတွင် ဖြန့်ကြက်မှုရှိသည့် အေးမြလန်းဆန်းသော အနားယူအပန်းဖြေရေးကွန်ရက်တစ်ခုကို တည်ဆောက်ထားသည်။

မြင့်မားသောတောင်တန်းများနှင့် သစ်တောများမှ မြစ်နှစ်သွယ် ကမ်းလေးဘက်အထိ ဤရှုထောင့်စုံ တောင်တန်းမြို့ကြီးသည် ထူးခြားသော “အေးမြလန်းဆန်းသည့်” အတွေ့အကြုံဖြင့် တရုတ်မြို့ပြများ၏ မျိုးကွဲစုံလင်သော ဆွဲဆောင်မှုနှင့် တက်ကြွမှုကို ကမ္ဘာကြီးထံ စဉ်ဆက်မပြတ်ပြသနေလျက်ရှိသည်။ (Xinhua)

.........................................

(Chinese Version)

山城重庆成为“酷爽度假”胜地

新华社照片,重庆,2026年8月14日

今年,“China Cool”海外话题热度持续攀升。作为中国西部的超大城市,重庆因其独特的山势地貌和城市景观,在海外社交平台迅速走红,成为备受全球游客追捧的国际化“酷爽度假”目的地。

数据显示,今年上半年重庆江北国际机场出入境外籍旅客超过61万人次,同比增幅达86%。

为了让游客在晴热天气中出游体验更好,重庆充分盘活城市现有清凉资源,升级全域游玩配套。各大热门商圈、网红街区配套水雾降温、凉风送风等便民设施,打造清爽舒适的城市漫步体验;城市防空洞、公共书屋等空间常态化开放,整合山水生态资源,推出亲水游乐、峡谷探秘等多条特色文旅线路,构筑起遍布全城的清凉休憩网络。从高山林海到两江四岸,这座立体山城正以独特的“酷爽”体验,持续向世界展现中国城市的多元魅力与活力风采。

图说1:8月10日,在重庆市渝中区李子坝观景平台,外国游客摆出“吃”轻轨的姿势拍照。 新华社记者 黄伟 摄

图说2:8月11日,外国游客在重庆市渝中区洪崖洞景区游览。新华社记者 黄伟 摄