တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချုံကျော် မြို့ တာ့ရှင်းခရိုင်ရှိ တယ်ထျန်းရေတံခွန် ရှုခင်းသာနေရာသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချုံကျော် မြို့ တာ့ရှင်းခရိုင်ရှိ တယ်ထျန်းရေတံခွန် ရှုခင်းသာနေရာသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှု လျှော့ချရန်နှင့် ရေအရင်းအမြစ်များအား ကာကွယ်ရန် ကြိုးပမ်းမှုများကို အားကောင်းစေခဲ့ရာ နိုင်ငံ၏ လေထုနှင့် ရေအရည်အသွေးသည် ၂၀၂၆ ခုနှစ်၏ ပထမခုနစ်လတာအတွင်း ဆက်လက်တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက သြဂုတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။

လေထုညစ်ညမ်းမှုကို တိုင်းတာသော အဓိကညွှန်းကိန်းဖြစ်သည့် PM2.5 ပျမ်းမျှသိပ်သည်းဆသည် လွန်ခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်၏ ပထမခုနစ်လတာအတွင်း တစ်ကုဗမီတာလျှင် ၁.၈ မိုက်ခရိုဂရမ် ကျဆင်းခဲ့ပြီး ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဟွမ်ရွန့်ချိုး က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း လေထုအရည်အသွေးကောင်းမွန်သည့် ရက်များ၏ အချိုးအစားအနေဖြင့် ယခင်နှစ်ကာလတူကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း နိုင်ငံမှ စောင့်ကြည့်ထားသော မြေပေါ်ရေထု အပိုင်းများနှင့် နေရာများ၏ ၈၆.၅ ရာခိုင်နှုန်းကိုလည်း အမျိုးအစား ၁ မှ ၃ အထိ အဆင့်သတ်မှတ်ခဲ့ကြောင်း၊ ယင်းမှာ အရည်အသွေးကောင်းမွန်ကြောင်း ညွှန်ပြနေကာ လွန်ခဲ့သည့်နှစ်အလားတူကာလကထက် ၂.၄ ရာခိုင်နှုန်းအမှတ် မြင့်တက်လာခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြေပြင်ပေါ်ရှိ ရေထု၏ အရည်အသွေးကို အဆင့်ငါးဆင့်ခွဲခြားထားပြီး အကောင်းဆုံးအရည်အသွေးမှာ အဆင့် ၁ ဖြစ်ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

China's air, water quality improves in first seven months

BEIJING, Aug. 13 (Xinhua) -- China's air and water quality continued to improve in the first seven months of 2026, as the country strengthened efforts to curb air pollution and protect water resources, the Ministry of Ecology and Environment said on Thursday.

The average density of PM2.5, a key indicator measuring air pollution, dropped by 1.8 micrograms per cubic meter in the first seven months of the year compared with the same period last year, a decrease of 6.2 percent, Huang Runqiu, China's ecology and environment minister, told a press conference.

In the same period, the proportion of days with good air quality rose by 3.9 percentage points year on year.

The ministry also revealed that during this period, 86.5 percent of the surface-water sections and sites monitored by the country were graded Class I to III, indicating good quality, up 2.4 percentage points from the same period last year.

China classifies surface water quality into five grades, with Class I being the best quality. ■

English Caption

Tourists visit the Detian Waterfalls scenic area in Daxin County of Chongzuo City, south China's Guangxi Zhuang Autonomous Region, May 4, 2026. (Photo by Zhao Jingwu/Xinhua)