တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ကျီလျင်မြို့ရှိ The Lake Songhua Resort တွင် နေထွက်ရှုခင်း ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ကျီလျင်မြို့ရှိ The Lake Songhua Resort တွင် နေထွက်ရှုခင်း ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျီလျင်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ကျီလျင်မြို့တွင် တည်ရှိသော The Lake Songhua Resort သည် အမျိုးသားအဆင့် နှင်းလျှောစီးခရီးသွားလုပ်ငန်း အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များတွင် အဆိုပါအပန်းဖြေစခန်းသည် တောင်တန်းဒေသ အရင်းအမြစ်များကို အမှီပြုကာ “နွေရာသီ လည်ပတ်မှုပုံစံ” ကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ တိမ်ပင်လယ်နှင့် နေထွက်ရှုခင်း ကြည့်ရှုခြင်း၊ တောင်ပေါ်ပန်းခင်းများ လှည့်လည်ရှုစားခြင်း နှင့် တောင်တန်းဒေသ အားကစားများ တွေ့ကြုံခံစားခြင်းစသည့် အစီအစဉ်များသည် နေရာဒေသအသီးသီးမှ ခရီးသွားဧည့်သည်များ လာရောက်၍ အပူရှောင် အပန်းဖြေရန် ဆွဲဆောင်လျက်ရှိသည်။

ယခုနှစ် ဧပြီ ၂၅ ရက်တွင် “နွေရာသီ လည်ပတ်မှု” ကို စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်အထိ အပန်းဖြေစခန်းသည် ခရီးသွားဧည့်သည် စုစုပေါင်းအကြိမ်ရေ ၂၀၀,၀၀၀ ကို လက်ခံဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ဧည့်သည်လက်ခံမှုနှုန်းမှာ ယမန်နှစ် ကာလတူထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

နှင်းလျှောစီးကွင်းသည် ယခင်က ဆောင်းရာသီ “ရာသီတစ်ခုတည်းတွင် စည်ကားခြင်း” မှ တစ်နှစ်ပတ်လုံး လည်ပတ်မှုပုံစံသို့ တဖြည်းဖြည်း ကူးပြောင်းလျက်ရှိပြီး ရေခဲ၊ ဆီးနှင်းအရင်းအမြစ်များက ယူဆောင်ပေးသော ခရီးသွားဧည့်သည်များကို တစ်နှစ်ပတ်လုံး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အားသာချက်များအဖြစ် တိုးချဲ့ကာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စူးစမ်းရှာဖွေလျက်ရှိသည်။ (Xinhua)

..........................................

(Chinese Version)

吉林:银装换绿装 滑雪场解锁“夏季运营”文旅新体验

新华社照片,吉林市(吉林),2026年8月13日

位于吉林省吉林市的中旅松花湖度假区是国家级滑雪旅游度假地。近年来,度假区依托山地资源,拓展“夏季运营”模式。观云海日出,赏高山花海,体验山地运动等项目吸引各地游客前来避暑休闲。

今年4月25日“夏季运营”开业,截至目前,度假区累计接待游客20万人次,接待量同比增长20%。滑雪场正从过去冬季的“一季火爆”逐渐向四季运营转型,把冰雪资源带来的客源延伸为全年的文旅优势,探索文旅产业高质量发展。

图说1:8月12日,游客在位于吉林省吉林市的中旅松花湖度假区观看日出(无人机照片)。 新华社记者 张楠 摄

图说2:8月12日拍摄的位于吉林省吉林市的中旅松花湖度假区(无人机照片)。新华社记者 张楠 摄