ဖောင်းပြင်၊  ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ငှက်ဖျားပိုးတွေ့ရှိသော ကျေးရွာများနှင့် အလုပ်စခန်းများသို့ ဩဂုတ် ၇ ရက်နှင့် ၈ ရက်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ သွားရောက်ကာ ငှက်ဖျားရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်း၊ သွေးဖောက်စစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် တာရှည်ခံ ဆေးစိမ်ခြင်ထောင် ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)