တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း နိုင်ငံတကာရထားဘူတာစခန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း နိုင်ငံတကာရထားဘူတာစခန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗီယက်နမ်နိုင်ငံအကြား ချိတ်ဆက်ပြေးဆွဲလျက်ရှိသည့် ကုန်ရထားများသည် ယခင်က သီတင်းပတ် တစ်ပတ်လျှင် သုံးရက်သာ ပြေးဆွဲခဲ့ရာမှ ယခုအခါ နေ့စဉ်ပြေးဆွဲလျက်ရှိပြီး တောင်ပိုင်းသို့ လျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းများကို သယ်ဆောင်ပေးကာ ဒူးရင်းသီးနှင့် မင်းကွတ်သီး အပါအဝင် အပူပိုင်းဒေသ သစ်သီးဝလံများကို မြောက်ပိုင်းသို့ ဆောင်ကြဉ်းပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း ကွမ်ရှီးဒေသနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အကြား ကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူထက် ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ငွေကြေးအားဖြင့် ယွမ် ၂၄၈.၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆.၆ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ကာ ယင်းကာလအတွက် စံချိန်တင်ခဲ့ကြောင်း နန်နင်းအကောက်ခွန်ဌာနမှ နောက်ဆုံးရရှိသော ကိန်းဂဏန်းများအရ သိရသည်။ အထူးသဖြင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အလားတူကာလအတွင်း ၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁၈၃.၇၁ ဘီလီယံအထိ ရှိခဲ့သည်။

ထို့ပြင် နိုင်ငံအဆင့်အနေဖြင့်မူ တရုတ်-အာဆီယံ ကုန်သွယ်မှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ် ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း၊ ယွမ် ၄.၃၄ ထရီလီယံအထိ တိုးတက်လာခဲ့သည်။ အလယ်အလတ်ကုန်စည်များ ဖြစ်သည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အခြားကုန်ထုတ်သွင်းအားစုများနှင့်စပ်လျဉ်းသည့် ကုန်သွယ်မှုမှာ ယင်းကာလအတွင်း ၂၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ငွေကြေးအားဖြင့် ယွမ် ၂.၈၆ ထရီလီယံရှိခဲ့ပြီး နှစ်ဘက် ကုန်သွယ်မှုစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် ရှိခဲ့ကြောင်း သိရသည်။

အလယ်အလတ်ကုန်စည်များ ကုန်သွယ်မှု ပုံမှန်တိုးတက်လာခြင်းမှာ တရုတ်နှင့် အာဆီယံအကြား စက်မှုနှင့် တန်ဖိုးကွင်းဆက်များတစ်လျှောက်  တစ်သားတည်းပေါင်းစည်းမှုနှင့် အပြန်အလှန်ချိတ်ဆက်မှုများ ပိုမိုနက်ရှိုင်းလာခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ပြောရေးဆိုခွင့်ရှိသူ လွီတာ့လျန်က ဆိုသည်။

ဒေသတွင်း ကုန်သွယ်မှုကို အထောက်အကူပြုလျက်ရှိသော မူဘောင်တစ်ခုမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအား အတူတကွပေါင်းစည်းထားသည့် အဖွဲ့ဝင် ၁၅ နိုင်ငံပါရှိသော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (RCEP) ပင် ဖြစ်သည်။ RCEP သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်အသက်ဝင်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လမှစ၍ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံး၌ အပြည့်အဝ အသက်ဝင်လာခဲ့သည်။ ၎င်း၏ မူရင်းထုတ်လုပ်သည့်ဒေသဆိုင်ရာ စည်းမျဉ်းများအရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံမှ မူလထွက်ရှိ၍ အခြားအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် အသုံးပြုသည့် ကုန်ပစ္စည်းများကို နောက်ဆုံးထုတ်လုပ်သည့် နိုင်ငံ၏ မူရင်းပစ္စည်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260812/d6f56ef02648432fb2587ba0ff15f7be/c.html

………..

(English Version)

Economic Watch: China-ASEAN trade ties deepen as supply chains, connectivity strengthen

NANNING, Aug. 12 (Xinhua) -- Freight trains linking south China's Guangxi Zhuang Autonomous Region with Vietnam now operate on a daily basis, up from the previous schedule of three days a week, carrying electronics and machinery south while bringing tropical fruit, including durian and mangosteen, to the north.

Latest data from Nanning Customs show Guangxi's trade with the Association of Southeast Asian Nations (ASEAN) reached 248.21 billion yuan (about 36.6 billion U.S. dollars) in the first seven months of 2026, up 2.5 percent year on year and a record for this period. Trade with neighboring Vietnam, notably, rose 3.3 percent to 183.71 billion yuan during the same period.

At the national level, China-ASEAN trade reached 4.34 trillion yuan in the first half of 2026, an increase of 18.2 percent from a year earlier. Trade in intermediate goods, namely parts, components and other production inputs, rose 24.5 percent to 2.86 trillion yuan in this period, accounting for roughly two-thirds of the total bilateral trade.

Lyu Daliang, spokesperson for the General Administration of Customs, attributed the steady growth in intermediate-goods trade to the deepening integration and interlinkages across industrial and value chains between China and ASEAN.

One framework supporting regional trade is the Regional Comprehensive Economic Partnership (RCEP), a 15-party trade pact bringing together China, Japan, the Republic of Korea, Australia, New Zealand and 10 ASEAN countries. RCEP took effect in January 2022 and has been in force for all 15 signatories since June 2023. Under its rules of origin, materials originating in one member country and used in the production process of another are treated as originating materials of the latter.

https://english.news.cn/20260812/d6f56ef02648432fb2587ba0ff15f7be/c.html

Photo: An aerial drone photo taken on Sept. 23, 2025 shows the Nanning International Railway Port in Nanning, south China's Guangxi Zhuang Autonomous Region. (Xinhua/Xing Guangli)