တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှ မြောက်ကိုရီးယားနိုင်ငံ (DPRK) မြို့တော်ပြုံယမ်းရှိ Sunan နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာသည့် Air China လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စင်းကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှ မြောက်ကိုရီးယားနိုင်ငံ (DPRK) မြို့တော်ပြုံယမ်းရှိ Sunan နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာသည့် Air China လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စင်းကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်လေကြောင်းလိုင်းဖြစ်သော Air China အနေဖြင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းအား ရိုမေးနီးယားနိုင်ငံ၏ မြို့တော်ဘူခါရက်စ်၊ ခရိုအေးရှားနိုင်ငံ၏ အဓိကမြို့ ဇာဂရက်ဘ်တို့နှင့် ချိတ်ဆက်ပေးမည့် လမ်းကြောင်းအသစ်ကို စက်တင်ဘာ ၄ ရက်မှစ၍ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက သြဂုတ် ၁၁ ရက်၌ ကြေညာခဲ့သည်။

အဆိုပါဝန်ဆောင်မှုအသစ် Beijing Capital အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဘူခါရက်စ်မြို့မှတစ်ဆင့် ဇာဂရက်ဘ်မြို့နှင့် ချိတ်ဆက်ပေးပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်းအတွက် လေယာဉ်ခရီးစဉ်များ စီစဉ်ထားကြောင်း သိရသည်။

Air China လေကြောင်းလိုင်းသည် ၎င်း၏ ဥရောပလေယာဉ်ခရီးစဉ်ကွန်ရက်ကို အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်၍ စွမ်းရည်ကို မြှင့်တင်လျက်ရှိသည်ဖြစ်ရာ ၎င်းလေကြောင်းလိုင်း၏ ပေကျင်း-ဗင်းနစ် လေယာဉ်လမ်းကြောင်းအား ဇူလိုင်လ၌ စတင်ပြေးဆွဲပြီးနောက်တွင် အဆိုပါဝန်ဆောင်မှုအသစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

Air China လေကြောင်းလိုင်းသည် ယခုအခါ ဥရောပတစ်ခွင်ရှိ ခရီးစဉ်ဒေသ ၂၇ ခုသို့ ပြေးဆွဲပေးလျက်ရှိပြီး သီတင်းပတ်တစ်ပတ်လျှင် လေယာဉ်ခရီးစဉ် ၂၆၀ နီးပါး ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Air China to launch new route to Romania, Croatia

BEIJING, Aug. 11 (Xinhua) -- Air China will launch a new route connecting Beijing with Romania's capital Bucharest and Croatia's main city Zagreb, starting Sept. 4, the airline announced Tuesday.

The new service will link Beijing Capital International Airport with Zagreb via Bucharest, with flights scheduled for every Monday, Wednesday and Friday.

The new service follows the launch of Air China's Beijing-Venice route in July, as the carrier continues to optimize its European flight network and increase capacity.

The carrier now serves 27 destinations across Europe, operating nearly 260 flights each week. ■

English Caption

An Air China passenger plane from Beijing arrives at Sunan International Airport in Pyongyang, the Democratic People's Republic of Korea (DPRK), March 30, 2026. (Xinhua/Wang Chao)