
ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင်လေယာဉ်ဖြင့် ပြေးဆွဲမည့် Air China လေကြောင်းလိုင်း၏ CA723 ခရီးစဉ်သည် ဩဂုတ် ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ၍ မွန်ဂိုလီးယားနိုင်ငံ မြို့တော်ဦလန်ဘာတာသို့ ပြေးဆွဲမည်ဖြစ်ပြီး ယင်းမှာ C919 လေယာဉ်ဖြင့် ပထမဆုံးပြေးဆွဲသော နိုင်ငံတကာ စီးပွားဖြစ်လေကြောင်းခရီးစဉ်ဖြစ်ကြောင်း တရုတ်နိုင်ငံ Air China လေကြောင်းလိုင်းထံမှ သိရသည်။
C919 အကြီးစား ခရီးသည်တင်လေယာဉ်မှာ တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အသုံးပြုသော လေယာဉ်ပျံသန်းမှုစံနှုန်းများနှင့်အညီ ကိုယ်ပိုင် သုတေသနပြုလုပ်၍ တီထွင်ထုတ်လုပ်ခဲ့သော၊ ကိုယ်ပိုင်ဉာဏပစ္စည်းမူပိုင်ခွင့်ရှိသော ဂျက်အင်ဂျင်သုံး ပင်မလမ်းကြောင်း၌ ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေ ၂၈ ရက်တွင် ပထမဆုံးအကြိမ် စီးပွားဖြစ် ပျံသန်းမှု လုပ်ဆောင်ပြီးစီးခဲ့သည်။
တရုတ်နိုင်ငံ စီးပွားဖြစ်သုံးလေယာဉ် ကော်ပိုရေးရှင်း (COMAC) ၏ အချက်အလက်များအရ ဩဂုတ် ၁၀ ရက်အထိ Air China ၊ China Eastern Airlines နှင့် China Southern Airlines တို့တွင် ပြေးဆွဲအသုံးပြုနေသော C919 လေယာဉ်များသည် စုစုပေါင်း လေကြောင်းခရီးစဉ်လမ်းကြောင်း ၅၇ ကြောင်းကို ပြေးဆွဲခဲ့ပြီး မြို့ကြီး ၂၅ မြို့သို့ ပျံသန်းပြေးဆွဲနိုင်ကာ ခရီးသည်အကြိမ်ရေ ၇.၅ သန်းကျော်ကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
C919首条国际航线将开通
新华社北京8月12日电(记者王聿昊、张骁)记者从中国国航获悉,由C919执飞的国航CA723航班将于12日15时许从北京首都国际机场起飞,前往蒙古国首都乌兰巴托,这是C919首次执飞国际商业航班。
C919大型客机是中国首次按照国际通行适航标准自行研制、具有自主知识产权的喷气式干线客机,于2023年5月28日完成首次商业飞行。
中国商飞数据显示,截至8月10日,由国航、东航、南航运营的C919客机累计开通57条航线,通航25座城市,安全运送旅客超750万人次。(完)
图说:7月29日,C919高原型首架机从上海浦东国际机场起飞。新华社发








