
ကွေ့ယန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဆောင်းဦးဝင်စရာသီ ရောက်ရှိလာပြီးနောက်တွင်လည်း အပူရှိန်ကား မလျော့သေးပေ။ သဘာဝကပေးစွမ်းသော karst မြေမျက်နှာသွင်ပြင်အရင်းအမြစ်များကို မှီခိုအားထားလျက် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်သည် လိုဏ်ဂူများ၏ “အေးမြသောအရင်းအမြစ်များ” ကို စဉ်ဆက်မပြတ်ဖော်ထုတ်ကာ သဘာဝလိုဏ်ဂူများကို အသုံးချ၍ ထူးခြားသော အနားယူအပန်းဖြေမှုလုပ်ငန်းပုံစံများကို ဖန်တီးပေးလျက်ရှိသည်။
ခရီးသွားဧည့်သည်များသည် ကျောက်လိုဏ်ဂူအတွင်း လျှောက်လည်ကာ ဘူမိဗေဒဆိုင်ရာ အံ့ဖွယ်ရာများကို ကြည့်ရှုနိုင်ပြီး လိုဏ်ဂူအတွင်းကော်ဖီဆိုင်များတွင် အေးအေးလူလူ အချိန်ဖြုန်းနိုင်သလို ရေဆော့ကစားခြင်းနှင့် စွန့်စားလှုပ်ရှားမှု အစီအစဉ်များကိုလည်း တွေ့ကြုံခံစားနိုင်သည်။ ဒေသအသီးသီးသည် ၎င်းတို့ဒေသတွင်း ဂေဟစနစ်ဆိုင်ရာ ပင်ကိုအရည်အသွေးများကို အခြေခံကာ လိုဏ်ဂူအရင်းအမြစ်များကို အပူရှောင် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းနှင့် နက်ရှိုင်းစွာ ပေါင်းစပ်ထားပြီး တောင်တန်းများကြားရှိ မြေအောက်လျှို့ဝှက်ဆန်းကြယ်သောနယ်မြေများကို ခရီးသွားဧည့်သည်များ အပူရှောင်အနားယူရန် ဦးစားပေးရွေးချယ်သောနေရာများအဖြစ် ပြောင်းလဲပေးလျက်ရှိသည်။ (Xinhua)
.................................
(Chinese Version)
盘活洞穴“凉资源” 拓展文旅新场景
新华社照片,贵阳,2026年8月11日
立秋过后,暑气未消。依托得天独厚的喀斯特地貌资源,贵州持续挖掘洞穴“凉资源”,利用天然溶洞打造特色休闲业态。游客既能穿行岩溶洞穴观赏地质奇观,亦可打卡溶洞咖啡静享悠然时光,还能体验避暑亲水探险项目。各地立足本地生态禀赋,将溶洞资源与避暑文旅深度融合,让藏于群山之间的地下秘境成为游客纳凉休闲的优选之地。
图说1:8月8日,游客在贵州省安顺市西秀区的翁布洞穴瀑布咖啡游玩(无人机照片)。新华社发(陈熙摄)
图说2:8月10日,游客在贵州省贵阳市修文县一家溶洞咖啡内休闲纳凉(无人机照片)。新华社发(袁福洪摄)








