ပေကျင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဩဂုတ် ၁၀ ရက်တွင် သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာ၌  ဖိလစ်ပိုင်နိုင်ငံသား ၁၀၀ ကျော်သည် တရားမဝင်အလုပ်လုပ်ကိုင်ခြင်း၊ တရားမဝင် နေထိုင်ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူခံထားရကြောင်း ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက မကြာသေးမီတွင် ဖိလစ်ပိုင်နိုင်ငံသားအချို့က တရားဥပဒေချိုးဖောက်ကြောင်း သံသယရှိမှုဖြင့် စစ်ဆေးခံရခြင်းအပေါ် အသေးစိတ်အခြေအနေများအား မိတ်ဆက်ပြောကြားနိုင်မည်လော၊ ထိုလုပ်ဆောင်ချက်သည် ဖိလစ်ပိုင်က တရုတ်နိုင်ငံသားများအား ကြိမ်ဖန်များစွာ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို တရုတ်နိုင်ငံဘက်က တုံ့ပြန်မှုအဖြစ် ယူဆနိုင်သလော ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကောကျားခွန်းက  အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံ၌ရှိသော “တရားမဝင်အခြေအနေ သုံးရပ်” ရှိသည့် နိုင်ငံခြားသားများအား စီမံခန့်ခွဲမှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာဆောင်ရွက်၍ ဥပဒေနှင့်အညီ အထူးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသား ၁၀၀ ကျော်သည် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ တရားမဝင်နေထိုင်ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူမှုခံရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အထူးလှုပ်ရှားမှု လုပ်ငန်းစဉ်ဆောင်ရွက်စဥ်အတွင်း လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက စည်းမျဉ်းစည်းကမ်းနဲ့အညီ ယဉ်ကျေးမှုရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပြီး အမှုနှင့်စပ်လျဥ်းတဲ့ နိုင်ငံခြားသားပုဂ္ဂိုလ်များရဲ့ အခွင့်အရေးနဲ့အကျိုးစီးပွားကို သေချာအောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

外交部发言人就一些菲律宾籍人员涉嫌违法被查处答问

新华社北京8月10日电 外交部发言人郭嘉昆10日回答记者提问时表示,百余名菲律宾公民因非法就业、非法居留被依法处理。   

有记者问:近期,一些菲律宾籍人员涉嫌违法被查处,能否介绍具体情况?此举能否解读为中方对菲律宾频繁抓扣中国公民的回应?   

郭嘉昆表示,全国移民管理机构持续深化在华“三非”外国人治理,依法开展专项行动。百余名菲律宾公民因非法就业、非法居留被依法处理。   

“在专项行动过程中,移民管理工作人员规范文明执法,保障了涉案外籍人员的权益。”郭嘉昆说。(完)