ပေကျင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ကစားသူက ထိန်းချုပ်ထားခြင်းမရှိသည့်ဇာတ်ကောင် (Non-player character = NPC) နှင့် အပြန်အလှန် ပြောဆိုဆက်ဆံမှုများမှာ တရုတ်နိုင်ငံတစ်ဝန်းရှိ လူငယ်ခရီးသွားဧည့်သည်များအကြား အထူးရေပန်းစားလျက်ရှိသည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ခရီးသွားလာခြင်းမှ ဖယ်ခွာကာ ဖျော်ဖြေတင်ဆက်သူများနှင့်အတူ ပါဝင်သရုပ်ဆောင်ခြင်းဖြင့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ခရီးသွားအတွေ့အကြုံကို ခံစားရရှိနိုင်မည်ဖြစ်သည်။ (Xinhua)
..................................
(English Version)
Surprising China | Why Young Chinese are drawn to “NPC interactions”?
Non-player character (NPC) interactions are wildly popular among young visitors across China. Step away from routine check-in tourism and act alongside these performers — you’ll enjoy a deeply immersive travel experience.








