ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်ကို ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း လာရောက်သည့် ဘုရားဖူးပြည်သူ ၄.၃၇ သန်းကျော်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွားဧည့်သည် ၄၆,၀၀၀ ကျော် လာရောက်ခဲ့ပြီး တရုတ်နှင့် ထိုင်းနိုင်ငံမှ လာရောက်သူ အများဆုံးဖြစ်ကြောင်း ဦးဘိုးသင်းက ပြောသည်။
ယင်းကိန်းဂဏန်းသည် ယခင်နှစ်ကာလတူထက် ပိုမိုများပြားကြောင်း ၎င်းက ဆိုသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လွန်ခဲ့သည့်နှစ်ကာလတူက လာရောက်သည့် ဘုရားဖူးပြည်သူ ၄.၁၁ သန်းကျော်သာ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ (Xinhua)








