
ပေကျင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဗဟိုမိုးလေဝသဌာနက ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် တိုင်ဖွန်းမုန်တိုင်း အပြာရောင် သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး “Dolphin” တိုင်ဖွန်းမုန်တိုင်းကြောင့် ဩဂုတ် ၁၀ ရက် မွန်းလွဲ ၂ နာရီမှ ၁၁ ရက် မွန်းလွဲ ၂ နာရီအထိ ကျဲ့ကျန်း စသည့် ပြည်နယ် ဆယ်ခုကျော်တွင် မိုးကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းရှိမည်ဖြစ်ပြီး ယင်းတို့အနက် ကျဲ့ကျန်း၊ ကျန်းဆူး၊ အန်းဟွေး၊ ဟဲနန်၊ ဟူပေ စသည့် ဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာ နေရာကွက်ကြား အလွန်အမင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သိရသည်။
ဒေသအသီးသီးရှိ တာဝန်ရှိဌာန အသီးသီးက တက်ကြွစွာ တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှု၊ တိုင်ဖွန်းမုန်တိုင်း ကာကွယ်တားဆီးရေး၊ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းအသီးသီးကို ကြိုတင်လုပ်ဆောင်ထားကြသည်။ (Xinhua)
...................
(Chinese Version)
台风“白海豚”带来强降雨
新华社照片,北京,2026年8月10日
中央气象台10日10时发布台风蓝色预警,受台风“白海豚”影响,10日14时至11日14时,浙江等十多个省份将有大到暴雨,其中浙苏皖豫鄂等地部分地区有大暴雨,局地有特大暴雨。多地各职能部门积极应对,提前做好防汛抗台、抢险救援各项准备工作。
图说1:8月10日,外卖骑手冒雨在江苏苏州街头行进。 新华社发(杭兴微摄)
图说2:8月10日,抢险人员在江苏常州一处积水路段进行排水作业。新华社发(陈暐摄)








