တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်သော စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်တို့ ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်သော စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်တို့ ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံ သမ္မတ Tharman Shanmugaratnam ထံသို့ စင်ကာပူသမ္မတနိုင်ငံ တည်ထောင်ခြင်း ၆၁ နှစ်မြောက် အတွက် ဩဂုတ် ၉ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က နိုင်ငံတည်ထောင်သည့် ၆၁ နှစ်တာကာလအတွင်း စင်ကာပူနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အများအာရုံစိုက်ဖွယ် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံသည် အပြန်အလှန်ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်-စင်ကာပူ ဆက်ဆံရေး တိုးတက်မှုကို များစွာ အလေးထားကြောင်း သမ္မတ Tharman Shanmugaratnam နှင့်အတူ ကြိုးပမ်း၍ မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို မြှင့်တင်ကာ တရုတ်-စင်ကာပူ ဘက်စုံထောင့်စုံ အရည်အသွေးမြင့်မားသော၊ အမြော်အမြင်ရှိသော မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ အဆက်မပြတ်တက်လှမ်းနိုင်ရန် ကြိုးပမ်းပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就新加坡共和国成立61周年向新加坡总统尚达曼致贺电

新华社北京8月9日电 8月9日,国家主席习近平致电新加坡总统尚达曼,祝贺新加坡共和国成立61周年。  

习近平指出,建国61年来,新加坡经济社会发展取得令人瞩目的成就。中国和新加坡互为友好近邻。我高度重视中新关系发展,愿同尚达曼总统一道努力,增进战略沟通,引领中新全方位高质量的前瞻性伙伴关系不断迈上新台阶,更好造福两国人民。(完)

图说:2025年6月24日上午,国家主席习近平在北京人民大会堂会见来华进行正式访问的新加坡总理黄循财。新华社记者 岳月伟 摄