တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ စိုကန်းဥယျာဉ်တွင် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) အတွင်း ဒီဇိုင်းပြင်ဆင်ထားမှုနံဘေးမှ ဖြတ်သန်းသွားလာသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ စိုကန်းဥယျာဉ်တွင် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) အတွင်း ဒီဇိုင်းပြင်ဆင်ထားမှုနံဘေးမှ ဖြတ်သန်းသွားလာသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) အတွက် မီဒီယာမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဩဂုတ် ၁၀ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သတင်းထောက်များအနေဖြင့် တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.ciftis.org တွင် “Join the Fair” ကို ကလစ်နှိပ်ကာ “Media Registration” အား ရွေးချယ်၍ အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်နိုင်ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် CIFTIS ကို ပေကျင်းမြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မီဒီယာဝင်ခွင့်ကို မည်သည့်အချိန်နှင့် မည်သို့ရယူရမည်ဟူသော အချက်အလက်များကို သတ်မှတ်ချိန်၌ တရားဝင် CIFTIS ဝက်ဘ်ဆိုက်ရှိ “မီဒီယာစင်တာ” တွင် ထုတ်ပြန်မည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအား ဖြည်းဖြည်းချင်း တံခါးဖွင့်လှစ်ကာ သုံးစွဲမှုအား ဝန်ဆောင်မှုလုပ်ငန်းများဆီသို့ ကူးပြောင်းမှုမြှင့်တင်လျက်ရှိခြင်းကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် အဆိုပါ ကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံ ကျယ်ပြောလှသော ဈေးကွက်၏ အကျိုးကျေးဇူးများ မျှဝေရန်၊ ဖြေရှင်းမှုများရှာဖွေရန်နှင့် အခွင့်အလမ်းသစ်များရရှိစေရန် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကုမ္ပဏီများအတွက် အရေးပါသော ဆုံစည်းရာနေရာတစ်ခုအဖြစ်လည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။  (Xinhua)

……………………………………..

(English Version)

2026 CIFTIS opens for media registration

BEIJING, Aug. 10 (Xinhua) -- Media registration for the 2026 China International Fair for Trade in Services (CIFTIS) is open from Aug. 10 to 26.

Journalists can register online at the official website www.ciftis.org by clicking "Join the Fair" and then selecting "Media Registration." The 2026 CIFTIS will be held from Sept. 9 to 13 in Beijing.

Information on when and how to pick up the media pass will be released in the "Media Center" section of the official CIFTIS website in due time.

As China steadily opens up its service sector and promotes a consumption shift toward services, the fair, since its inception in 2012, has provided a crucial meeting point for global companies to access new opportunities, find solutions and share in the benefits of China's vast market.

Photo: People walk past an installation during the 2025 China International Fair for Trade in Services (CIFTIS) at Shougang Park in Beijing, capital of China, Sept. 14, 2025. (Xinhua/Ding He)