မုံရွာ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်၌ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၀ ရက်) နံနက် ၈ နာရီမှာ ထုတ်ပြန်ထားကြောင်း သိရသည်။

ချင်းတွင်းမြစ် အပါအဝင် ဒုဋ္ဌဝတီမြစ်၊  ဧရာဝတီမြစ်၊  စစ်တောင်းမြစ်နှင့် သံလွင်မြစ် စသည့်မြစ်များကလည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။  

စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည့် ချင်းတွင်းမြစ် မုံရွာမြို့ ဆိပ်ကမ်းမြင်ကွင်းများကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားသည့် မြင်ကွင်းကို ဖော်ပြအပ်ပါသည်။ (Xinhua)