တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်က ကျင်းပသည့် ၂၀၂၆ တရုတ်-ဗဟိုအာရှ အဆင့်မြင့်နပန်းပြိုင်ပွဲ အမျိုးသမီး ၆၂ ကီလိုတန်း ပွဲစဉ်-၅ တွင် တရုတ်နိုင်ငံမှ ဖုန်ရုန်ရှင်း (အောက်) နှင့် ဘီလာရုစ်နိုင်ငံမှ ဗယ်ရန်နီကာ အိုင်ဗန်နို‌ဗာတို့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်က ကျင်းပသည့် ၂၀၂၆ တရုတ်-ဗဟိုအာရှ အဆင့်မြင့်နပန်းပြိုင်ပွဲ အမျိုးသမီး ၆၂ ကီလိုတန်း ပွဲစဉ်-၅ တွင် တရုတ်နိုင်ငံမှ ဖုန်ရုန်ရှင်း (အောက်) နှင့် ဘီလာရုစ်နိုင်ငံမှ ဗယ်ရန်နီကာ အိုင်ဗန်နို‌ဗာတို့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

ရှီးအန်း၊ တရုတ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့၌ ဩဂုတ် ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၆ တရုတ်-ဗဟိုအာရှ အဆင့်မြင့်နပန်းပြိုင်ပွဲတွင် တရုတ်အမျိုးသမီး နပန်းသမားများက အလွတ်တန်း ရွှေတံဆိပ်ဆု ခြောက်ခုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဥဇဘက်ကစ္စတန်နိုင်ငံမှ ခူနင်မ်ဂျေဗာ အက်တန်ဂျီနှင့် ဘီလာရုစ်နိုင်ငံမှ ကူရက်ချ်ကီနာ အိုင်ရီနာတို့ကလည်း ချန်ပီယံဆုများ ရယူနိုင်ခဲ့ကြသည်။

အိမ်ရှင် တရုတ်နိုင်ငံအတွက် ရွှေတံဆိပ်ဆုများကို ၅၃ ကီလိုတန်းတွင် ဟုန်ကျင့် ကလည်းကောင်း၊ ၅၅ ကီလိုတန်းတွင် လီယွိရွှန်း ကလည်းကောင်း၊ ၆၈ ကီလိုတန်းတွင် စုန့်ချန်လျင် ကလည်းကောင်း၊ ၇၂ ကီလိုတန်းတွင် ဖုန်ရုန်ရှင်းနှင့် လီကျယ်လု ကလည်းကောင်း၊ ၇၅ ကီလိုတန်းတွင် ကျန်ချန့် ကလည်းကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အာရှချန်ပီယံ ဖုန် မှာ ပတ်လည်ယှဉ်ပြိုင်ရသည့် ပွဲစဉ်လေးပွဲစလုံးတွင် ရမှတ်တစ်မှတ်မျှ မလျော့ဘဲ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌ ဘီလာရုစ်မှ အိုင်ဗန်နို‌ဗာ ဗယ်ရန်နီကာကို ပင်ဖောလ်ချုပ်ကွက်ဖြင့် ပွဲသိမ်းအနိုင်ယူခဲ့ခြင်းဖြစ်သည်။

"ကျွန်မ ရွှေတံဆိပ်ရဖို့ မျှော်လင့်ထားပေမဲ့ ချန်ပီယံဆုကို ဒီလောက်အလွယ်တကူနဲ့ ရလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။ ကျွန်မက ၅၇ ကီလိုတန်းက နပန်းသမားဆိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ၆၂ ကီလိုတန်းက ကစားသမားတစ်ယောက်နဲ့ စပြီးလေ့ကျင့်ခဲ့တယ်။ ပြီးခဲ့တဲ့လတွေမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လို့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာပါ" ဟု ဖုန် က ဆင်ဟွာသို့ပြောသည်။

အိုလံပစ် ငွေတံဆိပ်ဆုရှင် ကူရက်ချ်ကီနာကလည်း ၅၇ ကီလိုတန်းတွင် စိုးမိုးထားနိုင်ခဲ့သည်။ အသက် ၃၂ နှစ်အရွယ် ဘီလာရုစ်နိုင်ငံသူက အုပ်စုအဆင့်၌ တရုတ်နိုင်ငံမှ လီကျင်းကျင်း ကို ပွဲချိန်နှောင်းပိုင်းတွင် ပင်ဖောလ်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲတွင် အိမ်ရှင်နပန်းအားကစားမယ် လျန်ကျင်းရင်း ကို ၉-၂ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

"ကျွန်မက ပြိုင်ပွဲမတိုင်ခင်မှာ တစ်ခုခုရည်မှန်းထားတာမျိုး မရှိတော့ ပြိုင်ပွဲရောက်တဲ့အခါ ဖိအားမရှိခဲ့ဘူးပေါ့" ဟု ကူရက်ချ်ကီနာက ဆိုသည်။

"ကျွန်မ ဒီနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ အမြင့်ဆုံးဆု ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမှာပါ" ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

၂၀၂၆ တရုတ်-ဗဟိုအာရှ အဆင့်မြင့်နပန်းပြိုင်ပွဲမှာ ဩဂုတ် ၉ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်က ကျင်းပသည့် ၂၀၂၆ တရုတ်-ဗဟိုအာရှ အဆင့်မြင့်နပန်းပြိုင်ပွဲ အမျိုးသမီး ၅၇ ကီလိုတန်း ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ လျန်ကျင်းရင်း(ယာ) နှင့် ဘီလာရုစ်နိုင်ငံမှ အိုင်ရီနာ ကူရက်ချ်ကီနာတို့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်က ကျင်းပသည့် ၂၀၂၆ တရုတ်-ဗဟိုအာရှ အဆင့်မြင့်နပန်းပြိုင်ပွဲ အမျိုးသမီး ၅၇ ကီလိုတန်း ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ လျန်ကျင်းရင်း(ယာ) နှင့် ဘီလာရုစ်နိုင်ငံမှ အိုင်ရီနာ ကူရက်ချ်ကီနာတို့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

...........................................................................................

(English Version)

China's women take six golds at China-Central Asia Elite Wrestling Tournament

XI'AN, China, Aug. 8 (Xinhua) -- China's women won six freestyle wrestling gold medals at the 2026 China-Central Asia Elite Wrestling tournament here on Saturday, while Uzbekistan's Keunimjaeva Aktenge and Belarus' Kurachkina Iryna also claimed titles.

The host nation's gold medals came from Hong Jing in the 53-kilogram category, Li Yuxuan in 55kg, Song Chenlin in 68kg, Feng Yongxin and Li Zelu in 72kg, and Jiang Qian in 75kg.

Asian champion Feng won all four of her round-robin matches without conceding a single point. In her final bout, she defeated Belarus' Ivanova Veranika by pinfall.

"Winning the gold medal was within my expectations, but I couldn't imagine that I could win the title so easily. I was a 57kg wrestler and began training as a 62kg competitor in January 2026. Hard training in these months brought me the gold medal," Feng told Xinhua.

Olympic silver medalist Kurachkina dominated the 57kg category. The 32-year-old Belarusian defeated China's Li Jingjing with a late pinfall in the group stage before beating host wrestler Liang Jinying 9-2 in the final.

"I didn't set any goals before the tournament, so I didn't have pressure on the court," Kurachkina said.

"I will try to reach the highest podium in this year's World Championships," she added.

The tournament concludes on Sunday.

English Caption 1

Feng Yongxin (bottom) of China and Veranika Ivanova of Belarus compete during the women's 62kg round 5 at 2026 China-Central Asia Elite Wrestling Tournament in Xi'an, northwest China's Shaanxi Province, Aug. 8, 2026. (Xinhua/Li Yibo)

English Caption 2

Liang Jinying (R) of China and Iryna Kurachkina of Belarus compete during the women's 57kg final at 2026 China-Central Asia Elite Wrestling Tournament in Xi'an, northwest China's Shaanxi Province, Aug. 8, 2026. (Xinhua/Li Yibo)