
ဟဲဖေ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် Tongcheng မြို့ Liuchi လမ်းကြားရှိ မီးခိုးရောင်အုတ်နံရံများ၏ တစ်ခွင်တစ်ပြင်ဆီသို့ သစ်ရွက်များ အရိပ်ကျရောက်နေခိုက် ခရီးသွားဧည့်သည်များသည် ယဉ်ကျေးသိမ်မွေ့၊ သဟဇာတဖြစ်သော ပတ်ဝန်းကျင်တစ်ခု၏ သာဓကဖြစ်သည့် လမ်းကျဉ်းလေးတစ်လျှောက်တွင် အမှတ်တရဓာတ်ပုံရိုက်နေကြသည်။
အဆိုပါလမ်းကြားသည် နှစ်မီတာမျှသာ (၆ ချီ) အကျယ်ရှိသည်။ “ချီ(Chi)” သည် မျက်မှောက်ခေတ် ဈေးကွက်တိုင်းတာမှုစနစ်အရ ၁.၀၉ ပေခန့်နှင့် ညီမျှသော တရုတ်နိုင်ငံ၏ အစဉ်အဆက်အသုံးပြုသော အလျားယူနစ်တစ်ခုဖြစ်သည်။
အဆိုပါ သမိုင်းဝင်ယဉ်ကျေးမှုနေရာသည် ချင်းမင်းဆက်လက်ထက် (၁၆၄၄-၁၉၁၁) ပထမအဆင့် မင်းမှုထမ်းအရာရှိတစ်ဦးဖြစ်သူ Zhang Ying နှင့် ၎င်း၏အိမ်နီးချင်းဖြစ်သူတို့၏ အဖြစ်အပျက်တစ်ခုအဖြစ် လူသိများလှသည်။ ခြံနယ်နိမိတ် သတ်မှတ်ရာတွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်ဖက်စလုံးက ၎င်းတို့၏ ခြံစည်းရိုးအုတ်တံတိုင်းကို ဆန္ဒအလျောက် သုံးပေခန့်စီ နောက်ဆုတ်ခဲ့ရာ အိမ်နှစ်အိမ်ကြားတွင် ခြောက်ပေအကျယ်ရှိ လမ်းကြားလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယင်းသည် အပြန်အလှန် ချုပ်တည်းမှု၊ အပြန်အလှန်လေးစားမှုနှင့် သဟဇာတဖြစ်သော အိမ်နီးချင်းဆက်ဆံရေးအတွက် ရာစုနှစ်များနှင့်ချီ ကြာမြင့်သော စံပြုထိုက်သည့် ဖြစ်စဉ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက အန်းဟွေးပြည်နယ်သို့ လေ့လာစစ်ဆေးရေးခရီးစဉ်အတွင်း ထိုလမ်းကြားသို့ သွားရောက်ရာတွင် အုတ်တံတိုင်းတစ်ခုရှေ့၌ ခေတ္တရပ်လျက် အဆိုပါဖြစ်စဉ်အကြောင်းကို ပြန်လည်ပြောပြခဲ့သည်။
Liuchi လမ်းကြားသည် အငြင်းပွားမှုကို ဖြေရှင်းရာတွင် ဘိုးဘေးတို့၏ ဉာဏ်ပညာကြီးမားမှု သက်သေသာဓကဖြစ်ရာ တရုတ်ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရေးအတွက် အသိပညာအလင်းပြပေးသော နေရာတစ်ခုအဖြစ် အကျိုးပြုသင့်သလို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ နေထိုင်အလုပ်လုပ်ကိုင်နိုင်သော သဟဇာတဖြစ်သည့် လူမှုရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရေးအတွက် တရုတ်နိုင်ငံ၏ အစဉ်အဆက် အလေ့အထကောင်းများဖြစ်သည့် ယဉ်ကျေးမှုရှိခြင်းနှင့် ဣန္ဒြေသိက္ခာကြီးခြင်းတို့ကို အပြည့်အဝ ထွန်းကားပြန့်ပွားအောင် လုပ်ဆောင်သင့်သည်ဟုလည်း ရှီက မှတ်ချက်ပြုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260804/47a102b98baa434f9aaaa5ae11c78eba/c.html
.................................................................................
(English Version)
Xi Story: Six-foot alley reveals Chinese wisdom of making room for others
HEFEI, Aug. 4 (Xinhua) -- As shadows of tree leaves drift across the gray-brick walls of Liuchi Alley in Tongcheng City, east China's Anhui Province, visitors take photos along the narrow lane, which is an example of neighborhood comity and harmony.
The alley is barely two meters wide, or six Chi. Chi is a traditional Chinese length unit that, under the modern market measurement system, equals approximately 1.09 feet.
The historical cultural site is known for the story of Zhang Ying, a first-rank Qing Dynasty (1644-1911) official, and his neighbor. To resolve a property boundary dispute, both sides voluntarily moved their courtyard walls roughly three feet backward, leaving a six-foot lane between their residences. It has stood as a centuries-old exemplary tale of mutual restraint, reciprocal respect and harmonious neighborly relations.
When Chinese President Xi Jinping visited the alley during an inspection tour in Anhui in October 2024, he paused before a wall recounting the story.
Xi noted that Liuchi Alley exemplifies the ancestral wisdom of dispute resolution and should serve as an educational site for carrying forward traditional Chinese culture, and that full play should be given to China's traditional virtue of courtesy and modesty, so as to create a harmonious social environment where people can live and work in peace and happiness.
https://english.news.cn/20260804/47a102b98baa434f9aaaa5ae11c78eba/c.html
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits the Liuchi Alley, a historical cultural site in Tongcheng City, east China's Anhui Province, Oct. 17, 2024. (Xinhua/Yan Yan)








