
ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အသက် ၇၁ နှစ်အရွယ် Ren Daqing သည် တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းမြို့ရှိ ၎င်း၏နေအိမ်အနီးမှ ရပ်ရွာဆေးပေးခန်းသို့ နံနက်တိုင်း သွားရောက်လေ့ရှိကာ ၎င်းအနေဖြင့် ဆေးဝါးလိုအပ်ချက်အရ မဟုတ်ဘဲ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရန် သွားရောက်ခြင်းဖြစ်သည်။
တစ်ချိန်က ၎င်းမှာ နှလုံးရောဂါအခံရှိခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန် စိုးရိမ်မှုများရှိခဲ့သည်။ ယခုအခါ ၎င်းသည် ကိုယ်ကာယကြံ့ခိုင်ရေးနည်းပြများ၏ ကြီးကြပ်မှုအောက်တွင် လမ်းလျှောက်စက်၌ လေ့ကျင့်ခန်းလုပ်နေပြီဖြစ်ကာ ကျန်းမာရေးဝန်ထမ်းများကလည်း ၎င်း၏အခြေအနေကို အနီးကပ်စောင့်ကြည့်ပေးလျက်ရှိသည်။ ယင်းသည် စနစ်ကျသော လေ့ကျင့်ခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေါင်းစပ်ကျင့်သုံးလျက်ရှိသည့် တရုတ်နိုင်ငံတစ်ဝန်း ထွန်းကားလာသော စံနမူနာတစ်ခုပင်ဖြစ်သည်။
"အရင်တုန်းကတော့ လေ့ကျင့်ခန်းလုပ်တာကို ကျန်းမာရေးအရ ခံနိုင်ရည်ရှိပါ့မလားဆိုပြီး စိုးရိမ်ခဲ့တာပေါ့" ဟု ၎င်းက ဆိုသည်။ "အခုတော့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ လေ့ကျင့်ခန်းလုပ်ရတာက ပိုပြီးကျန်းမာသန်စွမ်းလာအောင် အမှန်တကယ် အထောက်အကူပြုနိုင်တယ်ဆိုတာကို နားလည်သွားပါပြီ" ဟု ၎င်းက ဆက်လက်ပြောသည်။
ရပ်ရွာအခြေပြု ကျန်းမာရေးနှင့် ကိုယ်ကာယကြံ့ခိုင်ရေးစင်တာများသည် တရုတ်နိုင်ငံတစ်ဝန်း၌ ပေါ်ထွန်းလာပြီဖြစ်သည်။ အဆိုပါစင်တာများက လေ့ကျင့်ခန်းသုံး ပစ္စည်းကိရိယာများကို ရုပ်ပိုင်းဆိုင်ရာ ညွှန်းကိန်းများ စောင့်ကြည့်ရေး၊ နှလုံးနှင့်အဆုတ်၏ အလုပ်လုပ်နိုင်စွမ်းနှင့် ကြံ့ခိုင်သန်စွမ်းမှုကို ဆန်းစစ်အကဲဖြတ်ရေး၊ လူတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်အညီ စီမံထားသော လေ့ကျင့်ခန်းအစီအစဉ်များ ဖန်တီးရေးဆွဲရေး ကိရိယာများနှင့် ပေါင်းစပ်အသုံးပြုလျက်ရှိသည်။
အများပြည်သူကျန်းမာရေးကို အရေးအကြီးဆုံး လုပ်ငန်းစဉ်အဖြစ် ထားရှိခြင်း
Ren ၏ ဖြစ်စဉ်မှာ တရုတ်နိုင်ငံတစ်ဝန်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည့် အသွင်ကူးပြောင်းမှုတစ်ခုကို ထင်ဟပ်လျက်ရှိသည်။ အားပေးသံများ ပဲ့တင်ထပ်လွှမ်းခြုံနေသော ဘောလုံးကွင်းများမှသည် ကခုန်မှုများဖြင့် ပြည့်နှက်စည်ကားနေသော ရပ်ကွက်အနီးဝန်းကျင်ရှိ မြေကွက်လပ်များအထိ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ပြည်သူများစွာအတွက် နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤအပြောင်းအလဲသည် ပြည်သူများ၏ သာယာဝပြောမှုကို အားကစားဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက်၌ထားရှိသော နိုင်ငံတော်အဆင့် ရေရှည်မဟာဗျူဟာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260808/86175ced6ccf4148b92149f83275df8b/c.html
.....................................................................
(English Version)
Xinhua Headlines: China steps up nationwide fitness campaign to promote public health
BEIJING, Aug. 8 (Xinhua) -- Every morning, 71-year-old Ren Daqing heads to a community clinic near his home in the eastern Chinese city of Nanjing, not for medicine, but for exercise.
Heart disease once made Ren wary of physical activity. Today, he runs on a treadmill under the supervision of fitness coaches, with medical staff nearby to monitor his condition. It is part of a growing model across China that combines structured exercise with healthcare services.
"I used to worry that exercise might put my health at risk," Ren said. "Now I know that with professional guidance, exercise can actually help me become healthier."
Community-based health and fitness centers are emerging across China. They combine exercise equipment with tools to monitor physical indicators, conduct cardiopulmonary and strength assessments, and design exercise plans tailored to individual needs.
PUTTING PUBLIC HEALTH FRONT AND CENTER
Ren's story reflects a broader transformation taking place across China. From football pitches echoing with cheers to neighborhood squares filled with dancing, regular exercise has become part of everyday life for many people. This shift stems from a long-term national strategy that places people's well-being at the heart of sports development.
https://english.news.cn/20260808/86175ced6ccf4148b92149f83275df8b/c.html
English Caption 1
Residents receive physical fitness assessments at a community hospital in Jinan, east China's Shandong Province, March 19, 2026. (Xinhua/Zhu Zheng)
English Caption 2
People play football in an urban park for free in Beijing, capital of China, March 22, 2026. (Xinhua/Xie Han)








