
ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က သြဂုတ် ၇ ရက်တွင် ဂျပန်နိုင်ငံ ပင်မပြည်သူ့သဘောထား၏ ထင်ရှားသော နျူကလီးယားဆန့်ကျင်ရေး ရပ်တည်ချက်နှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဂျပန်အာဏာပိုင်များအနေဖြင့် ပြည်သူများ၏ တောင်းဆိုသံကို နားထောင်သင့်ပြီး နျူကလီးယားအရေးတွင် မီးနှင့်ဆော့ကစားခြင်းကို ရပ်တန့်ကာ သမိုင်းလားရာကို မှားယွင်းတွက်ဆ၍ ငြိမ်းချမ်းရေးဆိုင်ရာ ပြည်သူ့သဘောထားကို ကျောခိုင်းခဲ့သည့် အမှားဟောင်းများကို ထပ်မံမဖြစ်ပွားသင့်ကြောင်း ပြောကြားခဲ့သည်။
သတင်းများအရ ဂျပန် လူထုသဘောထား သုတေသနအသင်း၏ နောက်ဆုံး လူထုသဘောထားစစ်တမ်းရလဒ်တွင် ဂျပန်လူထု ၇၆ ရာခိုင်နှုန်းက “နျူကလီးယားလက်နက်များ မပိုင်ဆိုင်ခြင်း၊ မထုတ်လုပ်ခြင်းနှင့် မတင်သွင်းခြင်း” ဟူသော “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ထိန်းသိမ်းသင့်ကြောင်း ယူဆကြသည်ဟု ဖော်ပြထားကြောင်း၊ တစ်ချိန်တည်းမှာပင် အမေရိကန်က ဂျပန်သို့ နျူကလီးယားလက်နက်များ ဖြန့်ကြက်မှုကို ခွင့်ပြုသည့် “နျူကလီးယားမျှဝေသုံးစွဲခြင်း” သဘောတရားကို လူထု ၇၇ ရာခိုင်နှုန်းက ဆန့်ကျင်ကြကြောင်း သိရရာ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဂျပန်လူထု ရာခိုင်နှုန်း ၈၀ နီးပါးက “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ဆက်လက်ထိန်းသိမ်းရန်၊ “နျူကလီးယား မျှဝေသုံးစွဲမှု” ကို ကန့်ကွက်ရန် တောင်းဆိုခြင်းသည် ဂျပန်နိုင်ငံ ပင်မပြည်သူ့သဘောထား၏ ထင်ရှားသော နျူကလီးယားဆန့်ကျင်ရေး ရပ်တည်ချက်ကို အပြည့်အဝ ထင်ဟပ်စေပြီး ခဲရာခဲဆစ်ရရှိထားသော ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုအပေါ် ဂျပန်ပြည်သူများ၏ တန်ဖိုးထားမှုကို အပြည့်အဝ ထင်ဟပ်ခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ ဂျပန်အာဏာပိုင် အရာရှိများက “နျူကလီးယား ရွေးချယ်မှု” ဟူ၍ ပြောင်ပြောင်တင်းတင်း ပုံကြီးချဲ့ပြောဆိုခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ချိုးဖောက်ရန် ကြိုးစားခြင်းတို့သည် ဂျပန်လက်ယာယိမ်းအင်အားစု၏ တစ်နေ့တခြား ကြီးမားလာသော နိုင်ငံရေး၊ စစ်ရေး လောဘစိတ်များကို ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်သလို ဂျပန်ပြည်သူ သန်းတစ်ရာကျော်၏ အနာဂတ်ဖြင့် လောင်းကြေးထပ်ခြင်းလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်လို့မရပါဘူး။ ဂျပန်အာဏာပိုင်တွေအနေဖြင့် ပြည်သူလူထုရဲ့ တောင်းဆိုသံကို နားထောင်သင့်ပြီး နျူကလီးယားလက်နက်တွေကို လက်မခံခြင်း၊ မထုတ်လုပ်ခြင်း၊ မပိုင်ဆိုင်ခြင်းနှင့် မပျံ့နှံ့စေခြင်းဆိုတဲ့ နိုင်ငံတကာဥပဒေ တာဝန်ဝတ္တရားကို လက်တွေ့ကျကျ လိုက်နာဆောင်သင့်တယ်၊ နျူကလီးယားအရေးမှာ မီးနဲ့ဆော့ကစားခြင်းကို ရပ်တန့်ကာ သမိုင်းလားရာကို မှားယွင်းတွက်ဆပြီး ငြိမ်းချမ်းရေးဆိုင်ရာ ပြည်သူ့သဘောထားကို ကျောခိုင်းခဲ့တဲ့ အမှားဟောင်းများကို ထပ်မံမဖြစ်ပွားစေပါနဲ့” ဟူ၍ လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
.................................
(Chinese Version)
外交部发言人就日本主流民意鲜明反核立场答记者问
新华社北京8月7日电 外交部发言人林剑7日在就日本主流民意鲜明反核立场回答记者提问时表示,日本执政当局应倾听民众呼声,停止在核问题上玩火,不要重蹈错判历史大势、背弃和平民意的覆辙。
有记者问:据报道,日本舆论调查协会最新一项民意调查结果显示,76%的日本民众认为应坚持“不拥有、不制造、不运进核武器”的“无核三原则”。同时,对于允许美国将核武器部署至日本的“核共享”构想,77%的民众表示反对。请问中方对此有何评论?
林剑表示,近八成日本民众要求坚持“无核三原则”、反对“核共享”,充分反映了日本主流民意的鲜明反核立场,反映了日本民众对来之不易的和平与繁荣的珍惜。日本执政当局官员公然炒作“核选项”、试图突破“无核三原则”,暴露出日本右翼势力日益膨胀的政治、军事野心,是拿1亿多日本人民的未来豪赌。
“民心不可违。日本执政当局应倾听民众呼声,切实履行不接受、不制造、不拥有、不扩散核武器的国际法义务,停止在核问题上玩火,不要重蹈错判历史大势、背弃和平民意的覆辙。”林剑说。(完)
图说:8月5日,民众在日本广岛和平纪念公园参加集会。新华社记者 胡晓格 摄








