ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည် အရောင်းပြပွဲ ၂၀၂၆ တွင် ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ဖြင့် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၃၀ ကျော် ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ အချောထည်ကဏ္ဍကို ပြည်တွင်းမှ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပြီး အဆိုပါ ပြပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် ခေတ်မီကျောက်မျက်ရတနာ ဒီဇိုင်းပေါင်း ၁၃၀ ကျော် ခင်းကျင်းပြသထားပြီး လူငယ်များအတွက် ကျောက်မျက်ရတနာအကြောင်းများ သိကောင်းစရာ စကားဝိုင်းများနှင့် ကျောက်မျက်လေလံပွဲများပါ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲကြီးမှ ရောင်းရငွေ ၁၀ ရာခိုင်နှုန်းကို ကျန်းမာရေးကဏ္ဍများတွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ကို ရန်ကုန်တိုင်းဒေသကြီးရှိ LOTTE ဟိုတယ်တွင် ဩဂုတ် ၆ ရက်မှ ၉ ရက်ထိ လေးရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)