တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ Shenzhen Talent Park တွင် မေထွမ်၏ ဒရုန်းဖြင့် သယ်ယူပို့ဆောင်မှုကို ကြည့်ရှုနေသော ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ Shenzhen Talent Park တွင် မေထွမ်၏ ဒရုန်းဖြင့် သယ်ယူပို့ဆောင်မှုကို ကြည့်ရှုနေသော ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ထွန်းသစ်စ စက်မှုလုပ်ငန်းများ၏ အောင်မြင်မှုရလဒ်များက နေ့စဉ်ထုတ်လုပ်မှု လူနေမှုဘဝထဲသို့ ဆက်လက်၍ ထဲထဲဝင်ဝင် ဝင်ရောက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားဧည့်သည် အများအပြားသည် တရုတ်နိုင်ငံရှိ မြို့ပြများသို့ ခရီးလည်ပတ်မှုများကို “သိပ္ပံနည်းပညာ ခရီးသွားလာမှု” ခေါင်းစဉ်ဖြင့် ရွေးချယ်လာကြသည်။

ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ပြည်ဝင် ခရီးသွားဧည့်သည်များသည် လူပုံစံစက်ရုပ်များ၏ ဝန်ဆောင်မှု၊ ဒရုန်းဖြင့် သယ်ယူပို့ဆောင်မှု စသည့် သိပ္ပံနည်းပညာ အောင်မြင်မှုရလဒ်များကို တွေ့ကြုံခံစားကြပြီး အရောင်းဆိုင်များသို့ သွားရောက်၍ AI မျက်မှန်၊ ဒရုန်း၊ ဉာဏ်ရည်ထည့်သွင်းထားသော စက်ရုပ် စသည့် တရုတ်နိုင်ငံ “ဒေသထွက်ကုန်အသစ်” များကို ရွေးချယ်ဝယ်ယူကြကာ ဆန်းသစ်တီထွင်မှုမြို့ပြများ၏ တစ်မူထူးခြားသော ခရီးသွားလာမှုဆိုင်ရာ အင်္ဂါရပ်များကို လာရောက်ခံစားကြသည်။ (Xinhua)

......................................

(Chinese Version)

“科技游”别样体验“圈粉”全球来客

新华社照片,深圳,2026年8月5日

随着新兴产业成果不断深入日常生产生活,不少入境旅游的外国游客选择“科技游”作为在中国城市旅游的主题。在广东深圳,入境游客体验机器人服务、无人机外卖等科技成果,到商店选购AI眼镜、无人机、智能机器人等中国“新特产”,感受创新城市别样的旅游特色。

图说1:中外游客在深圳人才公园观看美团无人机送外卖(8月3日摄)。新华社记者 梁旭 摄

图说2:外国游客在深圳人才公园体验美团无人机送外卖(8月3日摄)。新华社记者 梁旭 摄