တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ နန်ဟယ်ရေထိန်းသိမ်းရေးဗဟိုချက်နှင့် စတင်မှုဧရိယာကို ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ နန်ဟယ်ရေထိန်းသိမ်းရေးဗဟိုချက်နှင့် စတင်မှုဧရိယာကို ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ရှုံအန်းဧရိယာသစ်၊ ဟဲပေ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

နွေရာသီကာလတွင် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ် စတင်မှုဧရိယာနှင့် ပိုင်းယန်တျန့်ရေကန်တို့ဆုံရာ၌ တည်ရှိသော နန်ဟယ်ရေထိန်းသိမ်းရေးဗဟိုချက် (Nanhe water conservancy hub) သည် စိမ်းလန်းစိုပြည်ကာ ရှုခင်းမှာ သာယာလှပနေသည်။

နန်ဟယ်ရေထိန်းသိမ်းရေးဗဟိုချက်၏ စုစုပေါင်း မြေပြင်ဧရိယာမှာ တရုတ်မူ (Mu)  ၄၅၀ ခန့် ကျယ်ဝန်းပြီး ရေကြီးရေလျှံမှု အတားအဆီး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အလည်အပတ် ကြည့်ရှုရေး၊ ဂေဟစနစ် တွေ့ကြုံခံစားမှု၊ မြစ်အတွင်းပိုင်း ရေကြောင်းသွားလာရေး စသည့် လုပ်ငန်းဆောင်တာများစွာကို တစ်စုတစ်စည်းတည်း ပေါင်းစည်းထားသည့် ဘက်စုံသုံး ရေအရင်းအမြစ်ထိန်းသိမ်းရေးဗဟိုချက်ဖြစ်သည်။ ရေစုပ်စက်စခန်း၊ ရေပြင်ညှိဆည်၊ တံတားများနှင့် သစ်ပင်ပန်းမန် စိုက်ပျိုးရေး စသည်တို့ဖြင့် ဖွဲ့စည်းထားကာ မြို့ပြနှင့် ရေကန်အကြားတွင် အရေးပါသော ချိတ်ဆက်မှု၊ ပေါင်းကူးမှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်ပြီး လုပ်ငန်းလည်ပတ်သည့် အဆင့်သို့ တရားဝင် ကူးပြောင်းရောက်ရှိပြီ ဖြစ်သည်။ (Xinhua)

........................................

(Chinese Version)

飞阅中国|雄安新区南河枢纽夏日风光

新华社照片,雄安新区(河北),2026年8月5日

夏日时节,位于雄安新区启动区与白洋淀交汇处的南河枢纽绿意盎然,景色怡人。南河枢纽总占地面积约450亩,是集防洪屏障、文旅观光、生态体验、内河通航等多功能于一体的综合性水利枢纽,由泵站、船闸、桥梁、绿化等组成,在城与淀之间发挥着重要的衔接、过渡作用。目前工程已全部完工,正式转入运营阶段。

图说1:俯瞰雄安新区南河枢纽与启动区(8月4日摄,无人机照片)。新华社记者 牟宇 摄

图说2:这是雄安新区南河枢纽(8月4日摄,无人机照片)。新华社记者 牟宇 摄