မုံရွာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးရှိ (သုခဓန လွန်းကျင်း) လွန်းကျင်းလုပ်ငန်းခွင်တွင် မော်တော်ကြီးနှင့် အမြန်ရေယာဉ်သံခွံများရိုက်နေသည့်မြင်ကွင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ အဆိုပါ သုခဓနလွန်းကျင်းတွင် ဆေးသုတ်ဆရာ၊ ပန်းပဲဆရာ၊ လက်သမားဆရာ၊ စက်ပြင်ဆရာစသည့် ကဏ္ဍအသီးသီးက လုပ်သား ၅၀၀ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်းသိရသည်။ (Xinhua)








