ကွန်ဂိုနိုင်ငံ (DRC) မြို့တော်ကင်ရှာဆာလေဆိပ်တွင် တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ 
ကျွမ်းကျင်ပညာရှင်အဖွဲ့ ရောက်ရှိလာမှုကို ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ် Luku Maleyo Marius (ယာဘက် ဒုတိယ) က 
၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်က သွားရောက်ကြိုဆိုနေစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) မြို့တော်ကင်ရှာဆာလေဆိပ်တွင် တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ရောက်ရှိလာမှုကို ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ် Luku Maleyo Marius (ယာဘက် ဒုတိယ) က ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်က သွားရောက်ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဩဂုတ် ၁ ရက်တွင် ကွန်ဂိုနိုင်ငံ (DRC) မြို့တော်ကင်ရှာဆာသို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က လက်ရှိတွင် အီဘိုလာရောဂါဖြစ်ပွားမှုသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများထံသို့ တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ ဆက်လက်ထောက်ပံ့ပေးသွားလိုကြောင်း ဩဂုတ် ၄ ရက်တွင် သတင်းထောက်မေးမြန်းမှုအား ဖြေကြားရာ၌ ပြောကြားခဲ့သည်။

“အာဖရိကမှာ အသစ်တစ်ကြိမ် အီဘိုလာရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက များစွာအလေးထားပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များ ဆက်တိုက်စေလွှတ်ကာ ကွန်ဂိုနိုင်ငံ (DRC) စတဲ့နိုင်ငံတွေက ရောဂါတိုက်ဖျက်ရေးကို ကူညီပေးခဲ့တဲ့အတွက် ဘက်အသီးသီးရဲ့ များစွာတန်ဖိုးထားချီးကျူးခြင်းခံခဲ့ရပါတယ်” ဟု လျင်ကျန့်က ဆိုသည်။

တတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ကူးစက်ရောဂါဗေဒ၊ ကျန်းမာရေး ရောဂါစစ်ဆေးမှု၊ ဆေးကုသကယ်ဆယ်ရေး၊ ရောဂါအရင်းအမြစ်ဓာတ်ခွဲစမ်းသပ်ခန်း စမ်းသပ်မှု စသည့် ကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း၊ အရှေ့ပိုင်းကာလ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းအခြေခံပေါ်တွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လက်တွေ့လိုအပ်ချက်နှင့်ပေါင်းစပ်၍ ကွန်ဂိုနိုင်ငံ (DRC) နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် အီဘိုလာရောဂါဖြစ်ပွားမှုသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ရာ တရုတ်နိုင်ငံက အာဖရိကရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများအင်အားကို ဆက်လက်အသုံးပြု၍ အာဖရိကနိုင်ငံများထံသို့ တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ ဆက်လက်ထောက်ပံ့ပေးသွားကာ အာဖရိကတိုက်တွင် အခက်အခဲများအား ဆောလျင်စွာကျော်ဖြတ်နိုင်ရန် ကူညီပေးသွားလိုကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် မြို့တော် Bunia ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ပိုးသတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် မြို့တော် Bunia ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ပိုးသတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

外交部:愿持续向非洲国家提供力所能及抗疫支持

新华社北京8月4日电 据报道,中国政府第三批援刚果(金)抗疫医疗专家组已于8月1日抵达刚果(金)首都金沙萨。外交部发言人林剑4日在回答记者提问时表示,当前,埃博拉疫情仍在蔓延,中方愿持续向非洲国家提供力所能及支持。  

“非洲新一轮埃博拉疫情暴发后,中方高度重视,连续派遣医疗专家组支持刚果(金)等国抗击疫情,受到各方高度评价。”林剑说,第三批专家组由流行病学、卫生检疫、临床救治、病原实验室检测等领域专家组成,将在前期专家组工作基础上,结合疫情防控实际需求,继续深化与刚果(金)方面和国际组织交流协作。  

林剑说,当前,埃博拉疫情仍在蔓延,中方愿继续发挥在非医疗专业人员力量,持续向非洲国家提供力所能及支持,帮助非洲早日渡过难关。(完)

图说1:8月1日,刚果(金)卫生部代表卢库·马留斯(右二)在刚果(金)首都金沙萨机场欢迎中国第三批埃博拉抗疫医疗专家组到来。新华社发

图说2:7月6日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员进行消杀工作。新华社发