ဖူကျိုး၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
တရုတ် လေကြောင်းနည်းပညာ ကုမ္ပဏီတစ်ခုသည် ဝါးအခြေခံ ပေါင်းစပ်ပစ္စည်းများဖြင့် ပြုလုပ်ထားသော တောင်ပံများတပ်ဆင်ထားသည့် ဒရုန်းတစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ ကိုယ်ထည် တည်ဆောက်မှု ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး ပျံသန်းနိုင်သည့် ကြာချိန်ကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သောကြောင့် အလေးချိန်ပေါ့ပါးလှသော အဆိုပါ ဒရုန်းသည် လျင်မြန်စွာ တိုးတက်လာနေသည့် ဝေဟင်နိမ့်စီးပွားရေးကဏ္ဍတွင် ပိုမိုစိမ်းလန်းသော လေကြောင်းပျံသန်းမှုအတွက် အခွင့်အလမ်းသစ်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Bamboo-wing UAV completes maiden flight
A Chinese aviation company has successfully tested a drone with wings made from bamboo-based composite materials. With about 20% lower structural costs and significantly improved flight endurance, the lightweight drone promises new possibilities for greener aviation in the fast-growing low-altitude economy.








