
ရှီကျားကျွမ်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ရှိ ရှီကျားကျွမ်း နိုင်ငံတကာကုန်တွင်းဆိပ်ကမ်းက ယခုနှစ် ပထမနှစ်ဝက်တွင် ပြေးဆွဲသော တရုတ်-ဥရောပနှင့် တရုတ်-ဗဟိုအာရှ ရထားအစင်းရေသည် ၈၁၄ စင်းရှိပြီး ယမန်နှစ်ကာလတူထက် ၄၂.၀၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ လတ်တလောနှစ်ပိုင်းတွင် ရှီကျားကျွမ်း နိုင်ငံတကာကုန်တွင်းဆိပ်ကမ်းသည် ဒေသတွင်းထုတ်ကုန်လုပ်ငန်း ပို့ကုန်သွင်းကုန် လိုအပ်ချက်ကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေ ဒေသ၏ ပိုမိုများပြားပြီး ထူးခြားချက်ရှိသောထုတ်ကုန်များ နိုင်ငံခြားဈေးကွက်သို့ ဝင်ရောက်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
石家庄国际陆港今年上半年开行中欧(亚)班列同比增长42.06%
新华社照片,石家庄,2026年8月4日
石家庄国际陆港2026年上半年开行中欧(亚)班列814列,同比增长42.06%。近年来,石家庄国际陆港承接区域产业进出口需求,带动更多京津冀地区的特色产品走向海外市场。
图说1、3、4:这是8月4日拍摄的石家庄国际陆港集装箱吊装现场(无人机照片)。新华社发(梁子栋 摄)
图说2:8月4日,工作人员在石家庄国际陆港操作设备吊装集装箱。 新华社发(梁子栋 摄)








