ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွတ်ကျွန်းစု ဘုရင်ကိုယ်စားလှယ် Tom Marsters ထံသို့ ကွတ်ကျွန်းစု၏ ၆၁ နှစ်မြောက် အခြေခံဥပဒေနေ့အတွက် ဩဂုတ် ၄ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ကွတ်ကျွန်းစုတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ နှစ်ဖက်ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တိုးတက်လာခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံနှင့် ကွတ်ကျွန်းစု ဆက်ဆံရေးတိုးတက်မှုကို များစွာအလေးထားကြောင်း၊ ဘုရင်ကိုယ်စားလှယ် Tom Marsters နှင့်အတူ ကြိုးပမ်း၍ တရုတ်နိုင်ငံ-ကွတ်ကျွန်းစု ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား တွန်းအားပေးဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုကြောင်း ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就库克群岛宪法日向库克群岛国王代表马斯特斯致贺电

新华社北京8月4日电 8月4日,国家主席习近平致电库克群岛国王代表马斯特斯,祝贺库克群岛宪法日61周年。  

习近平指出,中库建交以来,双边关系持续发展。我高度重视中库关系发展,愿同马斯特斯国王代表一道努力,推进中库全面战略伙伴关系,更好造福两国人民。(完)