
လုံနန် (ကန်းစု)၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၂ ရက်အထိ တရုတ်နိုင်ငံ ကန်းစုပြည်နယ် လုံနန်မြို့ တစ်ဝန်းတွင် မိုးကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်ပွားခဲ့ပြီး အချို့နေရာများ၌ နေရာကွက်ကြား အလွန်အမင်း မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ရေကြီးရေလျှံမှု အခြေအနေများကို တုံ့ပြန်ရန်အတွက် လုံနန်မြို့သည် ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အရေးပေါ်အဆင့် (၂) ကို စတင်လုပ်ဆောင်ခဲ့သည်။ ခရိုင်ဒေသ အသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတို့သည် အန္တရာယ်ရှိနိုင်ခြေရှိသည်များကို လိုက်လံစစ်ဆေးခြင်းနှင့် အခြေခံအဆောက်အအုံများကို အရေးပေါ် ပြုပြင်ခြင်းစသည့် လုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက် ရှိကြောင်း သိရသည်။ (Xinhua)
.............................
(Chinese Version)
暴雨来袭 甘肃陇南全力开展防汛抗洪工作
新华社照片,陇南(甘肃),2026年8月2日
7月29日到8月2日,甘肃省陇南市普降大到暴雨,局地出现大暴雨。为应对严峻汛情形势,陇南市启动防汛抗洪二级应急响应。各县区、各部门全力开展隐患排查、基础设施抢修等工作,守护群众生命财产安全。
图说1:8月2日,在陇南市武都区枫相乡草坪村,公路抢险人员清理省道S206线塌方落石(无人机照片)。新华社记者 郎兵兵 摄
图说2:8月1日,在陇南市武都区裕河镇范家坪村,干部群众清理一处小型滑坡体(无人机照片)。新华社记者 郎兵兵 摄








