
ထျန်းကျင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
နွေရာသီအားလပ်ရက် ခရီးသွားကာလအတွင်း တရုတ်နိုင်ငံ ထျန်းကျင်းမြို့ EMU ရထားတွဲလမ်းပိုင်း ထျန်းကျင်း EMU ရထားတွဲပို့ဆောင်ရေးဌာန၏ စစ်ဆေးပြင်ဆင်မှုဂိုထောင်အတွင်း၌ EMU ရထားတွဲ စက်ပြင်ဆရာများစွာသည် အုပ်စုခွဲ၍ တစ်နေ့ပတ်လုံး အလှည့်ကျတာဝန်ထမ်းဆောင်လျက်ရှိသည်။
၁၉၉၅ ခုနှစ်လွန်ဖွား လီဝေကျားသည်လည်း အဆိုပါစက်ပြင်ဆရာများအနက် တစ်ဦးဖြစ်သည်။ စစ်ဆေးပြင်ဆင်ရေးရှေ့တန်းတွင် ၎င်းသည် ရထားတွဲအောက်ရှိ ကျဉ်းမြောင်းသောနေရာသို့ တိုးဝင်ကာ လမ်းကြောင်းများအား အသေးစိတ်စစ်ဆေးမှု၊ အစိတ်အပိုင်းများအခြေအနေကို စစ်ဆေးမှုတို့ လုပ်ဆောင်ခဲ့ပြီး အန္တရာယ်ရှိနိုင်သော မည်သည့်အသေးအဖွဲလေးကိုမျှ မလွတ်သွားအောင် ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းစတင်ဝင်ရောက်လာကတည်းက လီဝေကျားသည် ရာထူးတာဝန်စွမ်းရည်ကို အပတ်တကုတ် လေ့ကျင့်ခဲ့ရာ ၂၀၂၃ ခုနှစ် China Railway (CR) ပေကျင်းဗျူရို၏ နည်းပညာယှဉ်ပြိုင်မှုအတွင်း ပဉ္စမဆု ရရှိခဲ့သလို “နည်းပညာကျွမ်းကျင်သူ” ဂုဏ်ပြုဆုတံဆိပ်လည်း ရရှိခဲ့ပြီး ထျန်းကျင်း EMU ရထားတွဲအပိုင်း၌ အမျိုးသမီး နည်းပညာရပ်အပိုင်း ပါဝင်ယှဉ်ပြိုင်မှုအတွင်း အကောင်းဆုံးရလဒ်ကို ရရှိခဲ့ပေသည်။
ယခုနှစ်တွင် လီဝေကျားသည် China Railway (CR) ပေကျင်းဗျူရိုကို ကိုယ်စားပြု၍ China Railway Group ၏ နည်းပညာယှဉ်ပြိုင်မှုတွင် ပါဝင်ရန် တက်ကြွစွာကြိုးပမ်းလျက်ရှိသည်။ နောက်ဆုံးရွေးချယ်မည့်နေ့ရက် နီးကပ်လာသည်နှင့်အမျှ ၎င်းသည် စစ်ဆေးပြင်ဆင်မှုလုပ်ဆောင်မှုတိုင်းကို တင်းကျပ်သောစံနှုန်းဖြင့် ရှုမြင်ပြီး ရထားတွဲ၏ စစ်ဆေးပြင်ဆင်မှုအရည်အသွေးကို အာမခံပေးသည့် တစ်ချိန်တည်းတွင် မိမိ၏နည်းပညာစွမ်းရည်ကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပြင်ဆင်လျက်ရှိပေသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
以青春匠心 护动车安全
新华社照片,天津,2026年8月2日
暑运期间,在天津动车客车段天津动车运用所的检修库内,上百名动车组机械师分为多个班组,实行全天候轮岗值守。
“95后”的李唯佳便是其中一员,在检修一线她俯身钻入车底狭小空间,细致排查线路、检查部件状态,不放过任何一处细微隐患。参加工作以来,李唯佳苦练岗位技能,曾在2023年国铁北京局技术比武中取得第五名的成绩,并荣获“技术能手”称号,创下天津动车客车段女子参加技术比武的最好成绩。
今年,李唯佳积极争取代表国铁北京局参加国铁集团的技术比武的机会,随着最终选拔日益临近,她用严苛标准对待每一次检修作业,在确保列车检修质量的同时,精益求精打磨技术能力。
图说1、2:李唯佳在天津动车运用所检修库进行作业(7月31日摄)。 新华社记者 李然 摄
图说3:在天津动车运用所,李唯佳在进行车内巡视作业(7月31日摄)。新华社记者 李然 摄








