
ဂျေရုဆလမ်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
တရုတ်ကားကုမ္ပဏီ XPeng Motors က ၂၀၂၆ ခုနှစ် ပထမ ၇ လတာအတွင်း အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကား (EV) ဈေးကွက်တွင် ထိပ်ဆုံးမှဦးဆောင်၍ အစီးရေ ၃,၅၀၃ စီး ရောင်းချခဲ့ရကြောင်း အစ္စရေးမော်တော်ယာဉ်တင်သွင်းသူများအသင်းမှ ဩဂုတ် ၂ ရက်၌ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
အစ္စရေးနိုင်ငံတွင် ရောင်းချသော XPeng ကားအမျိုးအစားများတွင် အလတ်စား လျှပ်စစ်ကား crossover SUVs G6 ၊ G9 ၊ executive sedan P7 နှင့် ခုနှစ်ယောက်စီး ဇိမ်ခံမီနီဗင်ကား X9 တို့ပါဝင်ကြောင်း သိရသည်။
အမေရိက၏ Tesla က ရောင်းအား အစီးရေ ၃,၁၆၂ စီးဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့ပြီး တရုတ်နိုင်ငံ၏ Changan Automobile က အစီးရေ ၂,၃၁၈ စီးဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့သည်။
အဆိုပါခုနစ်လတာအတွင်း တရုတ်ကားအမှတ်တံဆိပ်များက အစ္စရေးနိုင်ငံ၏ EV ဈေးကွက်တွင် ကြီးမားသော ဝေစု ၇၀ ရာခိုင်နှုန်းကျော်ဖြင့် ဦးဆောင်ခဲ့သည်။
ဓာတ်ဆီ၊ ဟိုက်ဘရစ်နှင့် လျှပ်စစ်ကားတို့ပါဝင်သည့် ကားမျိုးစုံဈေးကွက်၌လည်း တရုတ်ကားကုမ္ပဏီများက ရောင်းအား အစီးရေ ၉၀,၂၀၆ စီးဖြင့် ထိပ်ဆုံးမှ ဦးဆောင်ပြီး တောင်ကိုရီးယားက အစီးရေ ၃၂,၇၂၈ စီးဖြင့် ဒုတိယနေရာတွင် ရပ်တည်စဉ် ဂျပန်ကားကုမ္ပဏီများကမူ အစီးရေ ၂၀,၉၈၁ စီး ရောင်းချခဲ့ရသည်။
အဆိုပါကာမျိုးစုံဈေးကွက်တွင် တရုတ်နိုင်ငံ၏ Chery ကုမ္ပဏီက ရောင်းအား အစီးရေ ၄၆,၅၄၂ စီးဖြင့် ဦးဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ Toyota ကုမ္ပဏီက အစီးရေ ၁၉,၀၂၈ စီးဖြင့် ဒုတိယနေရာတွင် ရပ်တည်ကာ တောင်ကိုရီးယားနိုင်ငံ၏ Hyundai ကုမ္ပဏီက အစီးရေ ၁၈,၀၂၃ စီးဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
Chinese automaker XPeng Motors tops Israel's EV sales in Jan.-July
JERUSALEM, Aug. 2 (Xinhua) -- Chinese carmaker XPeng Motors led Israel's electric vehicle (EV) market in the first seven months of 2026, selling 3,503 units, according to data released Sunday by the Israel Vehicle Importers Association.
XPeng's Israeli lineup includes the mid-size electric crossover SUVs G6 and G9, the executive sedan P7, and the seven-seat luxury minivan X9.
America's Tesla ranked second with 3,162 units, followed by China's Changan Automobile with 2,318 units.
In the seven months, Chinese brands led Israel's EV market with a commanding share of over 70 percent.
In the overall vehicle market, including gasoline, hybrid, and electric cars, Chinese manufacturers led with 90,206 units sold. South Korea followed with 32,728 units, while Japanese automakers sold 20,981 units.
China's Chery led the broader market with 46,542 cars sold, followed by Japan's Toyota with 19,028 and South Korea's Hyundai with 18,023. ■
English Caption
People visit the booth of Xpeng during the 2026 Beijing International Automotive Exhibition in Beijing, capital of China, April 26, 2026. (Xinhua/Ju Huanzong)








