
ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တတိယအသုတ် အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် အီဘိုလာရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီရေးမစ်ရှင်ကို ထမ်းဆောင်ရန် ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှ စတင်ထွက်ခွာ၍ ကွန်ဂိုနိုင်ငံ (DRC) သို့သွားရောက်ခဲ့ကြောင်း၊ ၎င်းတို့သည် ရှေ့နှစ်သုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းများကို လက်ဆင့်ကမ်း ဆက်လက်ဆောင်ရွက်ကာ ဒေသတွင်း၌ အီဘိုလာရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်း ခိုင်မြဲစွာဖော်ဆောင်ရန် အားဖြည့်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်မှ သိရသည်။
တတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၊ ကျဲ့ကျန်းတက္ကသိုလ် ပူးတွဲ အမှတ် (၁) ဆေးရုံ၊ တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ စသည်တို့မှဖြစ်ပြီး ကူးစက်ရောဂါဗေဒ၊ ကျန်းမာရေး ရောဂါစစ်ဆေးမှု၊ ဆေးကုသကယ်ဆယ်ရေး၊ ရောဂါအရင်းအမြစ်ဓာတ်ခွဲစမ်းသပ်ခန်း စမ်းသပ်မှု စသည့် ကျွမ်းကျင်ပညာရပ်များကို လွှမ်းခြုံထားကာ ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများရှိကြောင်း သိရသည်။
အမျိုးသားကျန်းမာရေးကော်မရှင်မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်၏ မိတ်ဆက်ပြောကြားချက်အရ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ရှေ့နှစ်သုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ငန်းအခြေခံပေါ်တွင် အခြေခံအလွှာသို့ ဆက်လက်ထဲထဲဝင်ဝင် သွားရောက်၍ နည်းပညာကူညီပေးမှုများဆောင်ရွက်ခြင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်း၊ ရောဂါဖြစ်ပွားမှု စီမံကိုင်တွယ်မှုလုပ်ငန်းစဉ်အား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ ဒေသတွင်း ကိုယ်တိုင်ရောဂါကာကွယ်ထိန်းချုပ်နိုင်မှုစွမ်းရည် မြှင့်တင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ကွန်ဂိုနိုင်ငံ (DRC) အား ကူညီပေးသည့် ဆေးကုသရေးအဖွဲ့နှင့် ပူးတွဲ၍ ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပူးတွဲညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်ပြီး ကူညီရေးလုပ်ငန်း ထိရောက်မှုကို ဆက်လက်ခိုင်မြဲစေရန်နှင့် တိုးချဲ့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中国第三批埃博拉抗疫医疗专家组赴刚果(金)
新华社北京8月1日电(记者顾天成、李恒)记者从国家卫生健康委获悉,8月1日凌晨,中国第三批抗疫医疗专家组从北京出发,赴刚果(金)执行埃博拉疫情防控援助任务,接续前两批专家组工作,助力当地筑牢埃博拉疫情防控防线。
据悉,第三批专家组成员来自国家卫生健康委、海关总署、浙江大学医学院附属第一医院、中国疾控中心等,专业覆盖流行病学、卫生检疫、临床救治、病原实验室检测等,拥有防疫抗疫实战经验。
国家卫生健康委有关负责人介绍,专家组将在此前两批专家组工作基础上,持续深入基层开展技术援助,分享防控经验,健全疫情处置流程,提升当地自主防控能力。专家组还将联合援刚果(金)医疗队,深化与刚果(金)卫生部门及国际组织联防协作,持续巩固扩大援助工作成效。(完)
图说:7月3日,刚果(金)卫生部代表卢库·马留斯(中)在刚果(金)首都金沙萨机场欢迎中国第二批埃博拉抗疫医疗专家组到来。








