အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က ဦးဆောင်သည့် တရုတ်လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC) ၊ USCBC အဖွဲ့ဝင် ကုမ္ပဏီလုပ်ငန်းများအတူ နှီးနှောဖလှယ်ပွဲ ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က ဦးဆောင်သည့် တရုတ်လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC) ၊ USCBC အဖွဲ့ဝင် ကုမ္ပဏီလုပ်ငန်းများအတူ နှီးနှောဖလှယ်ပွဲ ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က ဦးစီးသည့် တရုတ်လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC)၊ USCBC အဖွဲ့ဝင် ကုမ္ပဏီလုပ်ငန်းများတို့ နှီးနှောဖလှယ်ပွဲကို ဇူလိုင် ၃၁ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါနှီးနှောဖလှယ်ပွဲကို လုပ်ငန်းကဏ္ဍများစွာမှ တရုတ်-အမေရိကန် လုပ်ငန်းရှင်ကိုယ်စားလှယ်များ တက်ရောက်၍ တက်ကြွစွာ ညှိနှိုင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။

အဆိုပါနှီးနှောဖလှယ်ပွဲသို့ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်း၊ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး လီရှယ်၊ အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC) ဥက္ကဋ္ဌ ထန်ဆန်း စသည်တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ရန်ဟုန်ပင်းက နှစ်နိုင်ငံ အကြီးအကဲများ၏ ပေကျင်းတွေ့ဆုံဆွေးနွေးမှုတွင် ရရှိထားသည့် အရေးကြီးသဘောတူညီချက်များသည် နှစ်နိုင်ငံကုမ္ပဏီလုပ်ငန်းများ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှုပံ့ပိုးထားကြောင်း၊ အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC) သည် တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ၏ အမေရိကန်နိုင်ငံတွင်ရှိသည့် အရေးကြီးချိတ်ဆက်မှုအဖွဲ့အစည်း ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် သမိုင်းကာလတစ်လျှောက်၏ မိတ်ဆွေဖြစ်သလို လက်တွေ့အနေအထားတွင်လည်း မိတ်ဖက်ဖြစ်ကြောင်း၊ အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC) အနေဖြင့် မိမိ၏ အရှိန်အဝါကို တက်ကြွစွာ အသုံးပြုကာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ လူမှုယဉ်ကျေးမှုဖလှယ်မှု နီးကပ်စေရေး၊ အပြန်အလှန်နားလည်မှု တိုးပွားရေး စသည့် ကဏ္ဍများတွင် အရေးကြီးသည့် ပေါင်းကူးတံတားအချိတ်အဆက်ကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အနာဂတ်ကို မျှော်မှန်းရာတွင် တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) အနေဖြင့် အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ (USCBC) နှင့်အတူ အရည်အသွေးမြင့် အစိုးရနှင့် စီးပွားရေးကဏ္ဍ တွေ့ဆုံဆွေးနွေးမှုများ၊ ကုန်သွယ်စီးပွားဖလှယ်ရေးပလက်ဖောင်းများကို တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းဖန်တီးရေးအတွက် အားဖြည့်သွားလိုကြောင်း၊ ဘက်ပေါင်းစုံကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး တရုတ်-အမေရိကန် ချစ်ကြည်ရေး၏ ဖော်ဆောင်သူ၊ တရုတ်-အမေရိကန် အပြန်အလှန် အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှု၏ မြှင့်တင်သူ၊ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့ရေး၏ ကာကွယ်စောင့်ရှောက်သူအဖြစ် ဆက်လက် ထမ်းရွက်ကာ တရုတ်-အမေရိကန် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတူတကွ ကြိုးပမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ဘက်မှ ကိုယ်စားလှယ်များက အမေရိကန် စက်မှုစီးပွားရေးအသိုက်အဝန်းသည် အမေရိကန်-တရုတ် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သည့် ခိုင်မာသောအသံအဖြစ် အစဉ်အမြဲရှိနေကြောင်း၊ ယခုနှစ်သည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ “တရုတ်နှစ်ကာလ” ဖြစ်ရာ ယင်းမှာ အမေရိကန်-တရုတ် နှစ်ဖက်အနေဖြင့် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်ကုန်စည်ပြပွဲ  (CISCE) သည် တရုတ်-အမေရိကန် စီးပွားရေးလောကက လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်သည့် အရေးကြီးပလက်ဖောင်း ဖြစ်ရာ တရုတ်-အမေရိကန် နှစ်နိုင်ငံက ကုန်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးကို ထိရောက်စွာ တွန်းအားပေးခဲ့သလို ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့ရေးကိုလည်း အားဖြည့်ပေးခဲ့ကြောင်း၊ အမေရိကန် ကုမ္ပဏီများအနေဖြင့် အပြုသဘောဆောင်သော၊ လက်တွေ့ကျသော နည်းလမ်းများဖြင့် ယင်းတွင် ပါဝင်ကာ တက်ကြွသော အခန်းကဏ္ဍမှ လှုပ်ရှားဆောင်ရွက်သွားရန် အလွန်ဆန္ဒရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中国企业家代表团与美中贸委会及其会员企业交流座谈

新华社华盛顿7月31日电 7月31日,中国贸促会组织中国企业家代表团在华盛顿与美中贸易全国委员会及其会员企业交流座谈,来自多个行业的中美企业代表参会并进行了积极沟通交流。   

中国贸促会会长任鸿斌、中国驻美国大使馆经商处公参李勰、美中贸委会会长谭森等出席并发言。任鸿斌表示,两国元首北京会晤达成的重要共识,为两国企业务实合作提供了战略引领。美中贸委会是中国贸促会在美国的重要对口机构,双方既是历史中的朋友,也是现实中的伙伴。美中贸委会积极发挥自身影响,在拓展中美经贸合作、密切人文交流、增进相互了解等方面发挥了重要桥梁纽带作用。面向未来,中国贸促会愿与美中贸委会一道,搭建更多高质量政商对话、经贸交流平台,助力营造良好投资环境,深化多边领域合作,继续做中美友好的践行者、中美互利合作的促进者、全球产供链稳定畅通的维护者,为推动中美工商界合作共同努力。   

美方代表表示,美国工商界始终是推动美中交流合作的坚定声音。今年是亚太经合组织(APEC)“中国年”,这为美中双方开展更深入的合作提供了机遇。链博会是中美工商界开展务实合作的重要平台,有效推动中美两国深化产供链合作和助力维护全球产供链稳定畅通。美国企业非常渴望以建设性、务实的方式参与其中并发挥积极作用。(完)

1. 7月31日,在美国华盛顿,中国贸促会组织中国企业家代表团与美中贸易全国委员会及其会员企业交流座谈。新华社记者 李睿 摄