
ရောင်ဟယ်၊ ဟေးလုံကျန်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရောင်ဟယ် အရှေ့မြောက်ပိုင်း ပျားမည်း အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဇုန်၌ ပျားရည်များ သိမ်းဆည်းရန် ရာသီချိန် ကျရောက်နေသည်။ တောင်နက်အတွင်းရှိ ပျားမွေးသူများက ပျားပန်းခပ်မျှ အလုပ်များနေကြပြီး ဝူလျင်တုန့်မြို့နယ် စွမ်းဆန့်ရွာမှ ယွဲ့ယွင်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ယခုနှစ်သည် ယွဲ့ယွင်က ပျားများနှင့် အဖော်ပြုသည့် ၃၃ နှစ်မြောက်ဖြစ်သည်။ သို့သော် အစောပိုင်းနှစ်တွင် ယွဲ့ယွင်သည် ပျားရည်ရောင်းချမှုကြောင့် စိတ်ရှုပ်ရသည့်အချက်များလည်း ရှိခဲ့သည်။ “ပျားရည်က ထုတ်လို့ရလာပေမယ့် ရောင်းချဖို့အတွက် ပူပန်ရတယ်။”
အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် ဟေးလုံကျန်းပြည်နယ် ရောင်ဟယ်ခရိုင်သည် လတ်တလောနှစ်ပိုင်းတွင် ထိပ်တန်းပျားမည်းကုမ္ပဏီအား လာရောက်ရန်ဖိတ်ခေါ်ခဲ့သည်။ ကုမ္ပဏီက ဦးဆောင်ကာ သမဝါယမအသင်းထူထောင်ပြီး ပျားမွေးသူများအတွက် စနစ်တကျနည်းပညာလေ့ကျင့်မှု ဆောင်ရွက်ပေးခြင်းဖြင့် ပျားရည် အရည်အသွေး ပိုမိုတည်ငြိမ်၍ ထိန်းချုပ်နိုင်မှု ရှိလာခဲ့သည်။
ယနေ့တွင် ဒေသတွင်း၌ “ထိပ်တန်းလုပ်ငန်းကုမ္ပဏီ + သမဝါယမအသင်း + ပျားမွေးသူ” ဟူသည့် ကောင်းမွန်ရင့်ကျက်သော လုပ်ငန်းပုံစံ ပေါ်ထွက်လာပြီဖြစ်ရာ ပျားငယ်လေးများသည် စစ်မှန်သော လုပ်ငန်းကြီးကို ပျိုးထောင်ပေးလိုက်သည်။ လက်ရှိအချိန်အထိ အရှေ့မြောက်ပိုင်း ပျားမည်း အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဇုန်၌ ပျားမွေးမြူရေးကွင်း ၄၃၁ ခုရှိလာပြီဖြစ်ပြီး ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဦးရေသည် ၁,၃၀၀ ကျော် ရှိလာပြီဖြစ်သည်။ ယွဲ့ယွင်ကဲ့သို့ တောင်ပေါ်သူများစွာက အဆိုပါချိုမြိန်သောလုပ်ငန်းကိုအားထား၍ ကိုယ်ပိုင် ချိုမြိန်သည့် ကြွယ်ဝရေးလျှို့ဝှက်ချက်များ ရှာဖွေတွေ့ရှိနေပြီဖြစ်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
林海深处酿出致富“蜜”码
新华社照片,饶河(黑龙江),2026年7月30日
时下,黑龙江饶河东北黑蜂国家级自然保护区内,蜂蜜采收正酣,深山里的养蜂人忙得“嗡嗡”转,五林洞镇双胜村的岳云便是其中之一。
今年是岳云与蜂为伴的第33个年头。可早年间,岳云没少因为蜂蜜销售闹心:“蜜摇出来了,销路却让人犯愁。”为破解这一难题,黑龙江省饶河县近年来引入龙头黑蜂企业,由企业牵头成立合作社,为蜂农提供系统化技术培训,让蜂蜜品质更加稳定可控。
如今,当地已形成“龙头企业+合作社+蜂农”的成熟产业模式,小蜜蜂真正酿出了大产业。截至目前,东北黑蜂国家级自然保护区内已有蜂场431个,养蜂从业人员超1300人。越来越多像岳云一样的山里人,正依托这份甜蜜事业,找到属于自己的致富“蜜”码。
图说1:7月29日,在黑龙江饶河东北黑蜂国家级自然保护区一处峰场,岳云检查蜂箱中蜜蜂状态。 新华社发(张春雷摄)
图说2:7月29日,在黑龙江饶河东北黑蜂国家级自然保护区一处蜂场,岳云取出部分蜂巢检查蜂蜜品质。新华社发(张春雷摄)








