တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်၌ ရှုံအန်းဧရိယာသစ် အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ဆင့်တိုး မြှင့်တင်ဖော်ဆောင်ရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲအား သဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်၌ ရှုံအန်းဧရိယာသစ် အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ဆင့်တိုး မြှင့်တင်ဖော်ဆောင်ရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲအား သဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေနှင့် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွက် စီးပွားရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ (CPC) ပါတီဝင်မဟုတ်သော အထင်ကရပုဂ္ဂိုလ်များထံမှ သဘောထားအမြင်များနှင့် အကြံပြုချက်များ တောင်းခံသည့် CPC ဗဟိုကော်မတီ သီးသန့်ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇူလိုင် ၂၄ ရက်၌ ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲအား သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

ရှီက တည်ငြိမ်မှုအတွင်း တိုးတက်အောင် အားထုတ်ဆောင်ရွက်သည့် အထွေထွေမူဝါဒအကြောင်းကို အလေးထားပြောဆိုခဲ့ကာ စီးပွားရေးလုပ်ငန်းများအား နဂိုမူလ ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားများမှ မောင်းနှင်အားသစ်များဆီသို့ အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ရေး၊ ပိုမိုကြိုတင်ပြင်ဆင်ဆောင်ရွက်သော ဘဏ္ဍာရေးမူဝါဒနှင့် သင့်တင့်လျောက်ပတ်စွာ လိုက်လျောညီထွေ ချိန်ညှိထားသော ငွေကြေးမူဝါဒတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေး၊ ပြည်တွင်းဝယ်လိုအား တိုးချဲ့ခြင်းနှင့် ရောင်းလိုအား သင့်လျော်စွာချိန်ညှိခြင်းတို့ကို ပိုမိုကြိုးပမ်းအားထုတ်ရေးအတွက် အာရုံစိုက်လုပ်ဆောင်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှီက ပြည်သူများ၏ လူနေမှုဘဝကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး၊ ပိုမိုအရည်အသွေးမြင့်မား၍ သစ်လွင်သော ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုလျက် အပြုသဘော အရှိန်အဟုန်များဖြင့် စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်မှုကို မြှင့်တင်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်သင့်သလို ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) ကို ကောင်းမွန်စွာ စတင်နိုင်ရေးအတွက်လည်း ကြိုးပမ်းအားထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ CPC ဗဟိုကော်မတီ နိုင်ငံ‌ရေးဗျူရို အမြဲတမ်းကော်မတီဝင်များဖြစ်ကြသည့် လီချန်၊ ဝမ်ဟုနင်၊ ချိုက်ချီနှင့် တင်းရွှဲရှန်တို့ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် စီးပွားရေးလုပ်ငန်းစဉ်ဆိုင်ရာ အခြေအနေကို အစည်းအဝေး တက်ရောက်သူများအား ရှင်းလင်းပြောကြားခဲ့ကာ ဒုတိယနှစ်ဝက် စီးပွားရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း သုံးသပ်ချက်များ မျှဝေခဲ့ကြောင်း သိရသည်။

ထို့နောက် CPC မဟုတ်သော နိုင်ငံရေးပါတီ ၈ ခုမှ ဗဟိုကော်မတီ ဥက္ကဋ္ဌများ၊ တရုတ်ပြည်လုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ် (ACFIC) ဥက္ကဋ္ဌနှင့် မည်သည့်ပါတီဝင်မှမဟုတ်သော အထင်ကရပုဂ္ဂိုလ်များထဲမှ ကိုယ်စားလှယ်တစ်ဦးစီတို့က အသီးသီး အမှာစကားပြောကြားခဲ့သည်။

၎င်းတို့က ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်များကို ပျိုးထောင်ခြင်းနှင့် ခိုင်မာအားကောင်းအောင်လုပ်ဆောင်ခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းကွင်းဆက်များ တစ်သားတည်း ပေါင်းစည်းတိုးတက်မှု မြှင့်တင်ခြင်း စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သဘောထားအမြင်များ၊ အကြံပြုချက်များ အဆိုပြုခဲ့ကြသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260730/094b2b1ffe5d4094ae3841b60ab68975/c.html

...............................................................................

(English Version)

CPC leadership holds symposium to solicit advice on economic work

BEIJING, July 30 (Xinhua) -- The Communist Party of China (CPC) Central Committee held a symposium with non-CPC personages to solicit opinions and suggestions on the country's current economic situation and economic work for the second half of the year.

Xi Jinping, general secretary of the CPC Central Committee, presided over and addressed the symposium on July 24.

Stressing the general principle of pursuing progress while ensuring stability, Xi said the country's economic work should focus on accelerating the transition from old growth drivers to new ones, effectively implementing a more proactive fiscal policy and an appropriately accommodative monetary policy, and making greater efforts to expand domestic demand and optimize supply.

Work should be done to effectively safeguard and improve people's livelihoods, promote sustained economic development toward new and higher-quality growth with positive momentum, and strive to ensure a good start to the 15th Five-Year Plan period (2026-2030), Xi said.

The symposium was attended by Li Qiang, Wang Huning, Cai Qi and Ding Xuexiang, who are all members of the Standing Committee of the Political Bureau of the CPC Central Committee. Li, premier of the State Council, briefed the participants on the performance of economic work in the first half of 2026 and shared considerations regarding economic work for the second half.

Chairpersons of the central committees of eight non-CPC political parties, the chairperson of the All-China Federation of Industry and Commerce (ACFIC), and a representative of personages without party affiliation made speeches.

They put forward opinions and suggestions on issues including fostering and strengthening new growth drivers and promoting the integrated development of innovation and industrial chains.

https://english.news.cn/20260730/094b2b1ffe5d4094ae3841b60ab68975/c.html

English Caption

Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, chairs a symposium on further advancing the high-quality construction and development of the Xiong'an New Area in the Xiong'an New Area, north China's Hebei Province, March 23, 2026. (Xinhua/Xie Huanchi)