
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များက "ပြည်သူတစ်ရပ်လုံး ကာကွယ်ရေး" ဟု ဟစ်ကြွေးလေ၊ "အသက်စွန့်မည့်သူမရှိ" လေ ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပို၍ များပြားသော ထိုင်ဝမ်ပြည်သူလူထုက DPP ပါတီ အာဏာပိုင်များ၏ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” အကြံအစည်ဖြစ်သည့် စစ်ဖြစ်ရန်၊ ပြည်သူများကို ဒုက္ခပေးရန် ပကတိအသွင်ကို ရှင်းလင်းစွာ သိမြင်ထားခြင်းကြောင့် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင် ကျင်းပသည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ထိုင်ဝမ်ကာကွယ်ရေးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်အထိ ထိုင်ဝမ်စစ်တပ်၏ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် စုစုပေါင်း ၄,၀၀၀ ကျော်သည် စာချုပ်ချိုးဖောက်လျော်ကြေးငွေ အမြောက်အမြားပေးရလျှင်ပင် တပ်မှကြိုတင်နုတ်ထွက်လိုကြပြီး စုစုပေါင်း လျော်ကြေးငွေ ထိုင်ဝမ်ဒေါ်လာသန်း ၉၂၀ အထိ မြင့်မားကာ တစ်ဦးချင်းအနေဖြင့် စာချုပ်ချိုးဖောက်လျော်ကြေးငွေ ထိုင်ဝမ်ဒေါ်လာ သန်း ၂၀ ကျော် ရှိသည်ဟု သတင်းများအရ သိရကြောင်း၊ ထို့အပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ကျန်ပင်းက ယင်းမှာ အသစ်အဆန်းသတင်းမဟုတ်တော့ကြောင်း၊ DPP ပါတီ အာဏာပိုင်များက "ပြည်သူတစ်ရပ်လုံး ကာကွယ်ရေး" ဟု ဟစ်ကြွေးလေ၊ "အသက်စွန့်မည့် သူမရှိ" လေ ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပို၍ များပြားသော ထိုင်ဝမ်ပြည်သူလူထုက DPP ပါတီ အာဏာပိုင်များ၏ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” အကြံအစည်ဖြစ်သည့် စစ်ဖြစ်ရန်၊ ပြည်သူများကို ဒုက္ခပေးရန် ပကတိအသွင်ကို ရှင်းလင်းစွာ သိမြင်ထားကြပြီး “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ကို ရဲရဲဝံ့ဝံ့ ရပ်တည် ငြင်းဆိုလာခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားနှစ်ဖက် သွေးချင်းများသည် အသက်သွေးကြောချင်း ဆက်နွှယ်၍ အေးအတူ ပူအမျှ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ နေထိုင်ကြရာ လက်တွဲအတူ တစ်စိတ်တစ်ဝမ်းတည်းရှိသင့်ကြောင်း၊ အမျိုးသားရေး အမှန်တရားအကျိုးစီးပွားကို လက်ကိုင်ထားရန်၊ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ကို ခိုင်ခိုင်မာမာ ဆန့်ကျင်ရန်၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ ရေလက်ကြားနှစ်ဖက်ကမ်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ နိုင်ငံပေါင်းစည်းရေးနှင့် အမျိုးသားပြန်လည်အားသစ်လောင်းရေး၏ သာယာလှပသော အနာဂတ်ကို ဖန်တီးရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကျန်ပင်း က ပြောကြားခဲ့သည်။
အခြားသတင်းထောက်တစ်ဦးက ထိုင်ဝမ်စစ်တပ်ဘက်သည် လွန်ခဲ့သည့်ရက်ပိုင်းတွင် သြဂုတ်လ ၅ ရက်မှ ၁၄ ရက်အထိ “ဟန်ကွမ်း အမှတ် (၄၂) စစ်ရေးလေ့ကျင့်မှု” ဆိုသည်ကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းနှင့်တွဲဖက်ထားသည့် မြို့ပြကြံ့ခိုင်မှု (လေကြောင်းရန် ကာကွယ်ရေး) စစ်ရေးလေ့ကျင့်မှုတွင် “အင်တာနက်လိုင်း ဖြတ်တောက်ခြင်း” ကို ပထမဆုံးအကြိမ် ထည့်သွင်းသွားမည်ဖြစ်ကာ စစ်ရေးလေ့ကျင့်နေစဉ်အတွင်း လမ်းကြောင်းပြစနစ်နှင့် မိုဘိုင်းငွေပေးချေခြင်း စသည့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝဆိုင်ရာ လုပ်ဆောင်ချက်များကို သက်ရောက်မှုရှိစေနိုင်ကြောင်း ကြေညာခဲ့သည်ဟု ပြောကြားခဲ့သည်။ ယင်းမှာ စစ်ရေးလေ့ကျင့်မှုကို အကြောင်းပြ၍ “တရုတ်ပြည်မကြီး ခြိမ်းခြောက်မှု” ကို ပုံပြောင်းချဲ့ကားလိုခြင်း၊ “တရုတ်ဆန့်ကျင်ရေး” အငွေ့အသက် ပြင်းထန်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု လူထုက မေးခွန်းထုတ်လျက်ရှိရာ ထို့အပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု ၎င်းသတင်းထောက်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။
DPP ပါတီ အာဏာပိုင်များက “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ရပ်တည်ချက်ကို ခေါင်းမာစွာ လက်ကိုင်ထားခြင်းသည် ထိုင်ဝမ်လူနေမှုဘဝ၏ အကြီးမားဆုံးသော ဒုက္ခဖြစ်ကြောင်း၊ ၎င်းတို့သည် ပါတီတစ်ခု၏ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူများထိခိုက်နစ်နာစေခြင်း၊ စစ်အင်အားအကုန်သုံး၍ ထင်သလိုစစ်ပွဲနွှဲလိုခြင်း ဖြစ်ကြောင်း၊ စစ်မက်၏စိုးရိမ်မှုကို အဆက်မပြတ်ဖန်တီးကာ ရေလက်ကြားနှစ်ဖက်ဒေသ ဆန့်ကျင်ဘက် ထိပ်တိုက်ရင်ဆိုင်ရန် လှုံ့ဆော်ခြင်း၊ ထိုင်ဝမ်ပြည်သူလူထုအား “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” စစ်မက်ယာဉ်ပေါ် ဆွဲတင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ရာ ၎င်းတို့အား စောင့်ဆိုင်းနေသည်မှာ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ၏ ပျက်သုဉ်းမှုသာ ဖြစ်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
国防部:民进党当局越喊“全民防卫” 越是“无人卖命”
新华社北京7月30日电(记者王春涛)国防部新闻发言人蒋斌30日表示,民进党当局越喊“全民防卫”,越是“无人卖命”,因为越来越多台湾民众看清了民进党当局谋“独”引战、祸台害民的本质。
在当日举行的国防部例行记者会上,有记者问,据报道,根据台防务部门公布数据,截至2025年,累计有4000余名台军志愿役人员宁可支付高额违约金也要提前退伍,总赔偿金高达9.2亿元新台币,单人最高违约金超过2000万元新台币。请问对此有何评论?
蒋斌表示,这早已不是什么新闻。民进党当局越喊“全民防卫”,越是“无人卖命”,因为越来越多台湾民众看清了民进党当局谋“独”引战、祸台害民的本质,更加勇敢地站出来向“台独”说不。
蒋斌说,两岸同胞血脉相连、命运相依,应当携手同心,坚守民族大义,坚决反对“台独”分裂,共同维护台海和平稳定,推动两岸关系和平发展,创造国家统一、民族复兴的美好未来。
另有记者问,台军方日前宣称,将于8月5日至14日进行所谓“汉光42号演习”,与之配合的城镇韧性(防空)演习首度加入“网络断网”,演习期间可能影响导航、行动支付等民生功能。有舆论质疑,这是在借着演习渲染“大陆威胁”、强化“抗中”氛围。请问对此有何评论?
蒋斌表示,民进党当局顽固坚持“台独”分裂立场,是台湾社会民生的最大祸害。他们为一党之私劳民伤财、穷兵黩武,不断制造战争焦虑、煽动两岸对立对抗,妄想把台湾老百姓绑上“台独”战车,等待他们的只有“台独”败亡的下场。(完)








