
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် "Falcon Strike-၂၀၂၆" အမည်ရ ပူးတွဲလေတပ်လေ့ကျင့်မှုကို ထိုင်းနိုင်ငံ၌ သြဂုတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၃၀ ရက်၌ ကြေညာခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် လေယာဉ်အမျိုးအစားများစွာနှင့် အစင်းရေများစွာကို အဆိုပါလေ့ကျင့်မှုအတွက် စေလွှတ်မည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက လေကြောင်းရန်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန် က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါပူးတွဲလေ့ကျင့်မှုမှာ နှစ်နိုင်ငံလေတပ်များအကြား ကိုးကြိမ်မြောက် လေ့ကျင့်ခြင်းအစီအစဉ်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအစဉ်အလာနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်သည်ဟုလည်း ကျန် က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
............................................
(English Version)
China, Thailand to hold joint air exercise in August
BEIJING, July 30 (Xinhua) -- China and Thailand will hold a joint air force exercise "Falcon Strike-2026" in Thailand in August, a Chinese defense spokesperson announced Thursday.
Jiang Bin, a spokesperson for the Ministry of National Defense, said China will send multiple types of aircraft and units to the exercise, including ground-based air defense forces.
The two sides will carry out air defense, humanitarian assistance and disaster relief exercises, Jiang added.
It is the ninth training event of its kind between the two air forces and is aimed at further deepening traditional friendship and practical cooperation between China and Thailand, he said. ■
English Caption
J-20 fighter jets are pictured during the 2025 aviation open-day activities of the Chinese People's Liberation Army Air Force and Changchun Air Show in Changchun, northeast China's Jilin Province, Sept. 23, 2025. (Photo by Tan Sicheng/Xinhua)








