
သွန်းဟွမ် (ကန်းစု)၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
မြစ်ညာပိုင်း၌ ရက်ပေါင်းဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေဝင်ရောက်မှုများပြားခြင်းတို့ကြောင့် ဇူလိုင် ၂၉ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ကို ဖြတ်သန်းစီးဆင်းသော တန်မြစ်၏ ရေအမှတ်သည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
ဒေသခံ ရေအရင်းအမြစ်၊ အရေးပေါ်အခြေအနေတုံ့ပြန်ရေး၊ ပြည်သူ့လုံခြုံရေး၊ မီးသတ်စသည့် ဌာနဆိုင်ရာများနှင့် ကျေးရွာ/မြို့နယ် ကေဒါများနှင့် ပြည်သူများက လျင်မြန်စွာ စုစည်းခဲ့ကြပြီး ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အစွမ်းကုန် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
တန်မြစ်ဝှမ်းဒေသသည် ခုမူထာကယ် သဲကန္တာရ အစွန်းပိုင်းတွင် တည်ရှိပြီး နှစ်စဉ် ပျမ်းမျှ မိုးရေချိန်မှာ မီလီမီတာ ၇၀ အောက်သာ ရှိသော်လည်း နှစ်စဉ် ရေငွေ့ပျံနှုန်းမှာမူ မီလီမီတာ ၂,၅၀၀ ကျော်အထိ မြင့်မားရာ ရေအရင်းအမြစ် ရှားပါးသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ယခုအကြိမ် ရေကြီးရေလျှံမှု ကျော်လွန်ဝင်ရောက်ခြင်းသည် သွန်းဟွမ်မြို့၏ ရေကြောင်းဆိုင်ရာ မှတ်တမ်းများတွင် အလွန်ပင် ရှားပါးလှကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)
.................................
(Chinese Version)
甘肃敦煌:全力迎战洪水过境
新华社照片,敦煌(甘肃),2026年7月30日
7月29日晚,受上游连日强降雨及来水影响,流经甘肃省敦煌市的党河水位迅速上涨。面对洪水过境,当地水务、应急、公安、消防等部门及乡镇干部群众迅速集结,全力投入防汛抗洪工作。据介绍,党河流域地处库姆塔格沙漠边缘,多年平均降水量不足70毫米,年蒸发量却高达2500毫米以上,水资源较为短缺。此次洪水过境,在敦煌水文记录中十分罕见。
图说1:7月29日晚,救援人员在敦煌市党河岸边观察水位上涨情况。 新华社记者 郎兵兵 摄
图说2:7月29日晚,在甘肃省敦煌市党河岸边,民兵在加固防洪堤坝。新华社记者 郎兵兵 摄








