တရုတ်နိုင်ငံ ရှမန်မြို့ ယွမ်ဟိုင်ဆိပ်ကမ်းရှိ ရထားလမ်းအထူးလိုင်းမှ ကွန်တိန်နာတင်ရထားတွဲ မောင်းနှင်ထွက်ခွာလာသည်ကို ၂၀၂၆ ခုနှစ် 
ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှမန်မြို့ ယွမ်ဟိုင်ဆိပ်ကမ်းရှိ ရထားလမ်းအထူးလိုင်းမှ ကွန်တိန်နာတင်ရထားတွဲ မောင်းနှင်ထွက်ခွာလာသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှမန် (ဖူကျန့်)၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ကွန်တိန်နာများ အပြည့်တင်ဆောင်လာသော ကုန်တင်ရထားတစ်တွဲသည် တရုတ်နိုင်ငံ ရှမန်မြို့ ယွမ်ဟိုင်ဆိပ်ကမ်းမှ တည်ငြိမ်စွာ မောင်းနှင်းထွက်ခွာခဲ့ရာ တရုတ်နိုင်ငံပြည်တွင်း ပထမဆုံးဖြစ်သည့် “ကမ်းရိုးတန်းနှင့် ထောင့်မှန်ကျသော၊ သင်္ဘောဆိပ်သို့ တိုက်ရိုက်ရောက်ရှိသော” ပင်လယ်-ရထား ပူးတွဲ သယ်ယူပို့ဆောင်ရေး အထူးရထားလမ်းဖြစ်သည့် ရှမန်မြို့ ယွမ်ဟိုင်ဆိပ်ကမ်း ရထားသီးသန့် အထူးလိုင်းကို တရားဝင် ပြေးဆွဲလိုက်ခြင်း ဖြစ်သည်။

ဤရထားလမ်းအထူးလိုင်းသည် တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပေါင်းစည်းမှုကို မြှင့်တင်သည့် ပထမဆုံး အသုတ် အဓိက စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ စုစုပေါင်း ၁,၅၈၆ မီတာ ရှည်လျားပြီး နှစ်စဉ်စံကွန်တိန်နာ ၂၅၀,၀၀၀ TEUs ၊ နှစ်စဉ် အထွေထွေကုန်စည် ၂၅၀,၀၀၀ တန်ချိန် အဝင်အထွက်လက်ခံဆောင်ရွက်နိုင်အောင် ဒီဇိုင်းရေးဆွဲထားသည်။ ရထားလမ်းနှင့် ကမ်းရိုးတန်းသည် ထောင့်မှန်အသွင် ဖောက်လုပ်ထားခြင်းဖြစ်ပြီး ဆိပ်ကမ်း၏ အဓိကအချက်အချာကျသော လုပ်ငန်းခွင်ဧရိယာအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ထားကာ ဆိပ်ကမ်း အရှေ့စွန်းနှင့် ၇၀ မီတာသာ ကွာဝေးသဖြင့် ကုန်ပစ္စည်းများကို ဆိပ်ကမ်းတွင် တိုက်ရိုက် တင်ဆောင်နိုင်ပြီး ရထားဖြင့် ပို့ဆောင်နိုင်သည်။ (Xinhua)

...................................

(Chinese Version)

全国首条“垂直岸线、直达码头”海铁联运专用线投运

新华社照片,厦门(福建),2026年7月29日

7月29日,一列满载集装箱的货运班列从厦门远海码头平稳驶出,全国首条“垂直岸线、直达码头”的海铁联运专用线——厦门远海码头铁路专用线正式通车。

这条铁路专用线是我国交通物流融合发展第一批重点项目,全长1586米,设计集装箱年吞吐量25万标箱,散杂货年吞吐量25万吨。铁路线与海岸线呈直角布设,深入码头核心作业区,距离码头前沿仅70米,货物可直接在码头装上火车发运。

图说1:7月29日,集装箱货运班列从厦门远海码头铁路专用线驶出。 新华社记者 林善传 摄

图说2:这是7月29日拍摄的厦门远海码头铁路专用线。新华社记者 林善传 摄