ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

"တောင်တန်းမေတ္တာ လေညင်းသစ္စာ" ၂၀၂၆ ခုနှစ် မြန်မာ-တရုတ် Twin City မီဒီယာဖိုရမ်နှင့် မြန်မာ-တရုတ် ယဉ်ကျေးမှု ဖလှယ်ရေး ရက်သတ္တပတ်အစီအစဉ် “လယ်ယာမြေပြဇာတ်ရုံ” ဖိုရမ်အစီအစဉ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ်တွင် “တောတောင်လယ်မြေ စကားမဆိုသော်လည်း ရိတ်သိမ်းမှုတို့ ကောင်းနေဆဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲအစီအစဉ်၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှု ပြပွဲ၊ “မင်္ဂလာမျှော်လင့်ခြင်း လယ်ယာမြေ” ရုပ်သံအစီအစဉ် စတင်ထုတ်လွှင့်မှုကို စက်ခလုတ်နှိပ်ပြီး ဖွင့်လှစ်ခြင်း စသည့် အစီအစဉ်များစွာဖြင့် ဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး၊ ယူနန်နေ့စဉ်သတင်းစာလုပ်ငန်းစုညွှန်ကြားရေးမှူးချုပ် မစ္စတာရန့်ယွမ်ကျန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းရင်းသားပြခန်းများလည်း ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)