
မနီလာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နှင့် ဇူလိုင် ၂၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက လွန်ခဲ့သော ၂ နှစ်အတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့သည် ကာဇန်မြို့၊ ထျန်းကျင်းမြို့တို့တွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့က တရုတ်နှင့် အိန္ဒိယသည် ပြိုင်ဖက်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်သည်၊ အပြန်အလှန်မှာ ခြိမ်းခြောက်မှုမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများဖြစ်သည်ဟု တစ်ပြေးညီ ယူဆကာ တရုတ်-အိန္ဒိယ ဆက်ဆံရေးအား တိုးတက်ကောင်းမွန်၍ ဖွံ့ဖြိုးမှုရှိသော မှန်ကန်သည့် လမ်းကြောင်း လျှောက်လှမ်းရန် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်၏ အတူတကွ ကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံအကြား အဖွဲ့အစည်းဆိုင်ရာ ကူးလူးဆက်ဆံမှုများသည် တဖြည်းဖြည်း ပြန်လည်စတင်လာခဲ့ရာ နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းထားပြီး နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် ထပ်မံစံချိန်တင်ခဲ့ကြောင်း၊ ဤအောင်မြင်မှုရလဒ်များမှာ ခက်ခက်ခဲခဲ ရရှိထားခြင်းဖြစ်ပြီး ဆတိုးတန်ဖိုးထားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုကာလသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲ ဖြစ်ပေါ်လျက်ရှိသလို ကမ္ဘာကြီးသည် မငြိမ်မသက် ပြုပြင်ပြောင်းလဲမှုကာလအသစ်သို့ ရောက်ရှိနေကြောင်း၊ ထွန်းသစ်စ စီးပွားရေးအစုအဖွဲ့ ကိုယ်စားလှယ်နှင့် ကမ္ဘာ့တောင်ဘက်ခြမ်း အရေးပါသော အဖွဲ့ဝင်အနေဖြင့် တရုတ်နှင့် အိန္ဒိယတို့သည် လူသားမျိုးနွယ်၏ ကောင်းကျိုးသုခကို အခြေခံ၍ နိုင်ငံကြီးများ၏ တာဝန်ယူမှုကို ပြသကာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တိုးတက်လာသည့် အရှိန်အဟုန်ကို ခိုင်ခံ့စေရန်၊ နိုင်ငံတကာ ဒေသတွင်းရေးရာများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ဗဟုအသွင်ပြောင်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံတကာ ဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို မြှင့်တင်ရာတွင် တက်ကြွစွာ အကျိုးဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ အရေးကြီး သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေးကို နီးကပ်စေရန်၊ ကုန်သွယ်စီးပွားရေး၊ မီဒီယာ နှင့် လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီးနှင့် ပြည်သူတို့၏ မှန်ကန်သော အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းမှုကို အရင်းခံ၍ အိမ်နီးချင်းနိုင်ငံကြီးချင်း အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ ဘုံစည်ပင်ဝပြောမှုရှိသော မှန်ကန်သည့် ဆက်ဆံရေးလမ်းကြောင်းကို ရှာဖွေရန်၊ တရုတ်-အိန္ဒိယ ဆက်ဆံရေးအတွက် တွန်းအားအသစ်များ စဉ်ဆက်မပြတ် ဖြည့်တင်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ယခုနှစ်နှင့် လာမည့်နှစ်တွင် အိန္ဒိယနှင့် တရုတ်သည် BRICS အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် ရှေ့ဆင့်နောက်ဆင့် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” ယန္တရား ဖွံ့ဖြိုးတိုးတက်မှု သန်မာကြီးထွားစေရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကိုယ်စားပြု၍ ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်သင့်ကြောင်း၊ ယခုနှစ် BRICS ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Subrahmanyam Jaishankar က အိန္ဒိယ-တရုတ် ခေါင်းဆောင်တို့၏ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုက နှစ်နိုင်ငံအနေဖြင့် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်ဖြစ်သည့် အနေအထားကို အတည်ပြုခဲ့ပြီး နှစ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အရေးကြီး အိမ်နီးချင်းနိုင်ငံနှင့် လူဦးရေထူထပ်သော နိုင်ငံကြီးများအနေဖြင့် အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်ရှိကြောင်း၊ ထိုင်ဝမ်၊ ရှီးဇန့် စသည့် ကိစ္စရပ်များတွင် အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိဘဲ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် လေးစားကာ အမြော်အမြင်ရှိသော သဘောထားဖြင့် အပြုသဘောဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုရှိသော နှစ်ဖက် ဆက်ဆံရေးကို အစဉ်အမြဲ မြှင့်တင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှု အားကောင်းစေရန်၊ နှစ်ဖက် အဖွဲ့အစည်းယန္တရားများကို ကောင်းမွန်စွာ အသုံးပြုကာ ကုန်သွယ်မှု၊ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်ရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းကာ သဘောထားကွဲလွဲမှုများကို ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်ဖက် ဆက်ဆံရေး ကောင်းမွန်တိုးတက်မှု၊ ဖွံ့ဖြိုးမှု မြှင့်တင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်တွင် အိန္ဒိယနိုင်ငံက BRICS အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရာတွင် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို အတူတကွ ကာကွယ်စောင့်ရှောက်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်က အီရန်၊ မြန်မာ စသည့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း၍လည်း အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ (Xinhua)
.....................................
(Chinese Version)
王毅会见印度外长苏杰生
新华社马尼拉7月22日电(记者李萌 赵晨捷)中共中央政治局委员、外交部长王毅22日在马尼拉会见印度外长苏杰生。
王毅表示,过去两年,习近平主席同莫迪总理成功举行喀山、天津会晤,两国领导人一致认为中印是合作伙伴而非竞争对手,互为发展机遇而不是威胁,引领中印关系走上改善发展正轨。在双方共同努力下,两国机制性交往逐步恢复,边境地区保持和平安宁,双边贸易额再创新高。这些成果来之不易,应当倍加珍惜。当前百年变局加速演进,世界进入新的动荡变革期。作为新兴经济体代表和全球南方重要成员,中印应立足人类福祉,彰显大国担当,巩固双边关系向好势头,加强在国际地区事务中的协调合作,为推动多极化进程和国际关系民主化作出积极贡献。中方愿同印方落实好两国领导人重要共识,密切高层交往,加强经贸、媒体、人文等领域合作,妥善处理敏感问题,推动两国各界和人民形成正确相互认知,在和平共处基础上,探索相邻大国相互尊重、相互信任、共同发展、共同繁荣的正确相处之道,为中印关系不断注入新动能。今明两年,印中将相继担任金砖轮值主席国。双方应加强协调合作,推动“大金砖合作”机制发展壮大,更好代表和维护发展中国家共同利益。中方将继续支持印度办好今年金砖峰会。
苏杰生表示,印中领导人两次会晤确认了两国是伙伴而非对手的定位,为双边关系发展指明了方向。作为重要邻国和人口大国,印中关系具有地区和全球意义。印方在台湾、西藏等问题上的立场没有改变,尊重中方主权,始终以前瞻性态度推进积极与合作的双边关系,愿同中方一道落实两国领导人共识,加强高层交往,用好双边机制,推进贸易、人文等领域务实合作,维护边境和平稳定,妥善处理分歧,为推进双边关系改善发展作出持续努力。感谢中方支持印方担任今年金砖轮值主席国,期待同中方继续加强协作,共同维护多边主义和发展中国家正当权益。
双方还就伊朗、缅甸等共同关心的国际和地区问题交换了意见。(完)
图说:7月22日,中共中央政治局委员、外交部长王毅在马尼拉会见印度外长苏杰生。新华社记者 郭依格 摄








