
ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ သက်ဆိုင်ရာပြောဆိုချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က သက်ဆိုင်ရာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံက ထိပါးရန်စသည့် အခြေခံဖြစ်ရပ်မှန်ကို လျစ်လျူရှုကာ တရုတ်နိုင်ငံအား အကြောင်းမဲ့တိုက်ခိုက်ပြစ်တင်ခြင်း၊ တရားမဝင်သည့်အပြင် ထိရောက်မှုမရှိသည့် “တောင်တရုတ်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်” ဟူသည်ကို အဆက်မပြတ် ပုံကြီးချဲ့ခြင်းတို့ လုပ်ဆောင်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေး၏ ကာယကံရှင်များ မဟုတ်သဖြင့် တိုက်ရိုက်ပတ်သက်နေသည့် နိုင်ငံများအကြား၏ ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ဩစတြေးလျနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ လတ်လောကာလတွင် ပစိဖိတ်သမုဒ္ဒရာ၌ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးလိုက်သည်ဟု ယူဆကြောင်း ဆိုခဲ့ပြီး မကြာသေးမီက တရုတ်-ဖိလစ်ပိုင်၏ ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဩစတြေးလျသည် တောင်တရုတ်ပင်လယ်၌ ဖြစ်ပွားသော “ကျူးကျော်မှုအသွင် လုပ်ရပ်အချို့” အပေါ် စိုးရိမ်ပူပန်မိကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်စီမံရမည်နည်းကို စဉ်းစားသင့်ကြောင်း ဟုဆိုခဲ့ရာ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်လူပုဂ္ဂိုလ်များက တရုတ်နိုင်ငံ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများအား တမင်တိုက်ခိုက်မှုအတွက် တည်ကြည်လေးနက်သော သဘောထားကို ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံက ထိပါးရန်စသည့် အခြေခံဖြစ်ရပ်မှန်ကို လျစ်လျူရှုကာ တရုတ်နိုင်ငံအား အကြောင်းမဲ့တိုက်ခိုက်ပြစ်တင်ခြင်း၊ တရားမဝင်သည့်အပြင် ထိရောက်မှုမရှိသည့် “တောင်တရုတ်ပင်လယ် ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်” ဟူသည်ကို အဆက်မပြတ် ပုံကြီးချဲ့ခြင်းတို့ လုပ်ဆောင်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အတူတကွကြိုးပမ်းမှုအောက်တွင် လက်ရှိ တောင်တရုတ်ပင်လယ် အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း၊ ဖိလစ်ပိုင်ဘက်က တမင် ထိပါးရန်စမှုသည် ပင်လယ်ပြင်တင်းမာမှုအခြေအနေ ဖြစ်စေသည့် အရင်းအမြစ်ဖြစ်ကြောင်း လျင်ကျန့်က ဆိုသည်။
“သက်ဆိုင်ရာနိုင်ငံက တောင်တရုတ်ပင်လယ်အရေးရဲ့ ကာယကံရှင်နိုင်ငံများ မဟုတ်သဖြင့် တိုက်ရိုက်ပတ်သက်နေတဲ့ နိုင်ငံတွေအကြား ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ပင်လယ်ပြင်မှာ တစ်ခုခုဖြစ်ပွားတာနဲ့ အမှားအမှန်မခွဲခြားဘဲ ချက်ချင်းလူသိရှင်ကြား ထွက်လာပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ကန့်ကွက်တာဟာ အဲဒီနိုင်ငံအချို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းဖို့လား၊ တောင်တရုတ်ပင်လယ်မှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဖို့လားဆိုတာကို အစောထဲက ပြောစရာမလိုအောင် ရှင်းလင်းနေတယ်လို့ ထင်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက တင်းမာမှုကို ပုံကြီးချဲ့ခြင်း၊ အတိုက်အခံပြုလုပ်မှု လှုံ့ဆော်ခြင်းကို ရပ်တန့်ပြီး ဒေသတွင်းနိုင်ငံများက တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို လက်တွေ့လေးစားရန် ဖျောင်းဖျလိုကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး တရားဥပဒေနှင့်အညီ မိမိ၏ အချုပ်အခြာအာဏာနှင့် အခွင့်အရေး၊ အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကာယကံရှင်ဘက်နှင့်အတူ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပင်လယ်ပြင်ဆိုင်ရာ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ ညှိနှိုင်းစီမံရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံအသီးသီးနှင့်အတူ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” အား ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်ဆောင်ပြီး “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုကို တွန်းအားပေးခြင်းဖြင့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို အတူတကွ စောင့်ထိန်းသွားမည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“သက်ဆိုင်ရာ စမ်းသပ်ပစ်ခတ်မှုနဲ့ စပ်လျဉ်းပြီး တရုတ်နိုင်ငံက သဘောထားရပ်တည်ချက်ကို အကြိမ်များစွာ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ တရုတ်စစ်တပ်ရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ဘယ်နိုင်ငံ ဒါမှမဟုတ် ပစ်မှတ်ကိုမျှ အထူးရည်ရွယ်ခြင်းမရှိပါ။ မလုပ်ဆောင်ခင်ကလည်း ဩစတြေးလျ အပါအဝင် သက်ဆိုင်ရာနိုင်ငံများကို အသိပေးမှုလုပ်ဆောင်ခဲ့ပြီး ဖြစ်တာကြောင့် နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部评澳外长言论:无权介入当事国间涉海问题
新华社北京7月22日电(记者董雪、孙楠)针对澳大利亚外长有关言论,外交部发言人林剑22日表示,有关国家无视菲方侵权挑衅的基本事实,无端攻击指责中国,持续翻炒非法、无效的所谓“南海仲裁案裁决”,中方对此坚决反对。有关国家不是南海问题当事方,无权介入当事国间的涉海问题。
当日例行记者会上,有记者问:澳大利亚外长黄英贤在东亚合作系列外长会期间表示,澳方认为中方近期在太平洋的导弹试射活动破坏了地区稳定,并谈及近日中菲涉海事件,称澳方对在南海发生的“某些侵略性行为”感到担忧,地区国家需要考虑好如何应对。中方对此有何评论?
林剑表示,中方已就菲方人员恶意攻击中方执法人员事阐明严正立场。有关国家无视菲方侵权挑衅的基本事实,无端攻击指责中国,持续翻炒非法、无效的所谓“南海仲裁案裁决”,中方对此坚决反对。
林剑说,在中国和东盟国家的共同努力下,当前南海局势总体稳定。菲方蓄意侵权挑衅是导致海上紧张的根源。
“有关国家不是南海问题当事方,无权介入当事国间的涉海问题。明眼人都看得出,海上一有风吹草动,不问青红皂白就大张旗鼓跳出来反对中国的始终就是那一小撮国家,他们的目的究竟是维护南海和平稳定,还是唯恐南海不乱,早已不言自明。”他说,中方奉劝有关国家停止渲染紧张、挑动对抗,切实尊重地区国家为维护南海和平稳定所作的努力。
林剑表示,中方将继续依法坚定维护自身主权和权益,继续与有关当事方通过对话协商妥处涉海分歧,同东盟各国一道全面有效落实《南海各方行为宣言》,推进“南海行为准则”磋商,共同维护南海和平稳定。
“关于有关试射活动,中方已多次阐明立场,这是中国军队例行性军事训练活动,不针对任何特定国家和目标,事先已向包括澳大利亚在内的有关国家作出了通报,符合国际法和国际惯例。”他说。(完)








