
ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံး တို့သည် ဇူလိုင် ၂၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဥရောပ ပါလီမန် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ David McAllister ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ဥရောပပါလီမန် နိုင်ငံခြားရေးကော်မတီအနေဖြင့် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ လာရောက်ခြင်းကို ကြိုဆိုကြောင်း၊ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ နယ်ပယ်အသီးသီးနှင့် သွားလာဆက်ဆံမှုကို မြှင့်တင်ကာ စစ်မှန်၍ ရုပ်လုံးကြွသော၊ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော တရုတ်နိုင်ငံအကြောင်း နားလည်သိရှိရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပဘက်နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရေးရာများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းမှုနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို တွန်းအားပေးဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။
ဥရောပဘက်က ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို အံ့အားသင့်ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံနှင့် “အဆက်အသွယ်ဖြတ်မှု” ကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာချိတ်ဆက်မှု လုပ်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။
လီဟုန်ကျုံးက တွေ့ဆုံရာတွင် ယခုနှစ်အတွင်း သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သော ဥရောပနိုင်ငံများစွာမှ အကြီးအကဲများနှင့်အတူ တွေ့ဆုံဆွေးနွေး၍ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်သည် ဥရောပပါလီမန်နှင့်အတူ လက်ရှိ သွားလာဆက်ဆံမှု အနေအထားကို ထိန်းသိမ်း၍ မြှင့်တင်ကာ တရုတ်-ဥရောပနှစ်ဖက် နားလည်သိရှိမှုနှင့် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ခြင်း၊ အပြန်အလှန်၏ အဓိကအကျိုးစီးပွားအား လေးစားခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအား လက်တွဲကာကွယ်ခြင်းအတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဥရောပဘက်က ဥရောပပါလီမန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ဖလှယ်မှုကို မြှင့်တင်ပြီး ဥရောပ-တရုတ်ဆက်ဆံရေး တိုးတက်မှုကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
王毅、李鸿忠分别会见欧洲议会外事委员会代表团
新华社北京7月21日电 中共中央政治局委员、外交部长王毅,中共中央政治局委员、全国人大常委会副委员长李鸿忠21日在北京分别会见欧洲议会外事委员会主席麦克阿里斯特率领的代表团。
王毅在会见时表示,欢迎欧洲议会外委会首次派团访华,希望代表团同中国各界加强交往,了解一个真实、立体和不断发展、进步的中国。中方愿同欧方加强在全球事务中协调合作,推动平等有序的世界多极化和普惠包容的经济全球化。
欧方表示,欧盟高度重视对华关系,赞叹中国取得的巨大发展成就,反对对华“脱钩”,愿同中方密切沟通,加强合作。
李鸿忠在会见时表示,今年以来,习近平主席同访华的欧洲多国领导人举行会晤,达成重要共识。中国全国人大愿同欧洲议会一道,保持和加强目前交往势头,为中欧双方增进理解互信、尊重彼此核心利益、深化务实合作、携手维护多边主义发挥积极作用。
欧方表示,欧洲议会愿同中方加强沟通交流,促进欧中关系发展。(完)
图说1:7月21日,中共中央政治局委员、外交部长王毅在北京会见欧洲议会外事委员会主席麦克阿里斯特率领的跨党派议员代表团。 新华社记者 才扬 摄
图说2:7月21日,中共中央政治局委员、全国人大常委会副委员长李鸿忠在北京会见由欧洲议会外事委员会主席麦克阿里斯特率领的代表团。 新华社记者 岳月伟 摄








