အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာ ပျက်စီးသွားသော အဆောက်အဦတွင် အီရန်နိုင်ငံအလံ ချိတ်ဆွဲထားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာ ပျက်စီးသွားသော အဆောက်အဦတွင် အီရန်နိုင်ငံအလံ ချိတ်ဆွဲထားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီတွင် အီရန်အား အသစ်တစ်ကြိမ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် အီရန်အား ၇ ညမြောက် ဆက်တိုက် ထိုကဲ့သို့တိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်ပြီး “အီရန်၏စစ်ရေးတိုက်ခိုက်မှုစွမ်းရည်အား ဆက်လက်ချည့်နဲ့သွားအောင် လုပ်ဆောင်ရန်” ရည်ရွယ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ထိုနေ့တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်သည် ဇူလိုင် ၁၆ ရက်တွင် အီရန်နိုင်ငံ Chabahar ဆိပ်ကမ်းရှိ စောင့်ကြည့်ရေးတာဝါတစ်ခုကို ဖျက်ဆီးခဲ့ပြီး ယင်းတာဝါသည် “အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပင်လယ်ရေပြင် စောင့်ကြည့်ရေးကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဆယ်စုနှစ်ချီကာလအတွင်း ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားသော စီးပွားရေးကုန်တင်သင်္ဘောများအား ခြေရာခံခြင်းနှင့် ပစ်မှတ်ထားခြင်းတို့ လုပ်ဆောင်ရန် အစဉ်အမြဲအသုံးပြုခဲ့” ကြောင်း ထိုနေ့အစောပိုင်းတွင် CENTCOM က ပို့စ်တင်၍ ပြောကြားခဲ့သည်။

လတ်တလောရက်ပိုင်းတွင် အမေရိကန်စစ်တပ်က အီရန်အား စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ အမေရိကန်စစ်တပ်က ဇူလိုင် ၁၆ ရက်တွင် အီရန်အပေါ် အကြီးအကျယ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တိုက်ခိုက်မှုသည် ၇ နာရီ ၄၀ မိနစ် ကြာမြင့်ခဲ့ကြောင်း၊ အမေရိကန်စစ်တပ်သည် တိုက်လေယာဉ်၊ ဒရုန်းနှင့် စစ်သင်္ဘောများကို အသုံးပြု၍ ပစ်မှတ်တိကျမှုမြင့်မားသော စစ်လက်နက်များ ပစ်လွှတ်ခဲ့ရာ အီရန်စစ်ရေးပစ်မှတ် ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း၊ ၎င်းတို့တွင် ကမ်းရိုးတန်းတစ်လျှောက် စောင့်ကြည့်ရေးနှင့် လေကြောင်းကာကွယ်ရေး အဆောက်အဦ၊ စစ်ရေးထောက်ပံ့ရေး အခြေခံအဆောက်အဦနှင့် ပင်လယ်ရေပြင်စစ်ဆင်ရေး အဆောက်အဦများ ပါဝင်ကြောင်း CENTCOM က ထိုနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美军对伊朗发动新一轮打击

新华社华盛顿7月17日电(记者黄强 施春)美军中央司令部17日在社交媒体发布消息说,美军于美东时间当天15时对伊朗发动新一轮打击,这是连续第七晚采取此类行动,旨在“继续削弱伊朗军事能力”。  

当天早些时候,美军中央司令部发文称,美军16日摧毁了位于伊朗港口恰赫巴哈尔的一座监视塔,并称该塔是“伊朗伊斯兰革命卫队海上监视网络的一部分,数十年来一直用于追踪并锁定途经霍尔木兹海峡的商船”。  

近日,美军连续对伊朗发动军事打击。美军中央司令部16日说,美军当天对伊朗发动大规模打击,行动共持续7小时40分钟。美军动用战斗机、无人机和军舰,发射精确制导弹药,击中数十个伊朗军事目标,包括沿海监视和防空设施、军事后勤基础设施以及海上作战设施。(完

图说:4月20日,在伊朗首都德黑兰,伊朗国旗悬挂在遭美以袭击被严重损毁的建筑上。新华社记者 沙达提