တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် 
ပါကစ္စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့ 
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပါကစ္စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နှင့် ဇူလိုင် ၁၆ ရက်က ညပိုင်းက ရှန်ဟိုင်းမြို့၌ တွေ့ဆုံကာ အီရန်အရေးနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ပြီး ရပ်တည်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်စလုံးက လက်ရှိ အခြေအနေဆိုးရွားလာသည့်အပေါ် စိုးရိမ်ကြောင်း ပြောကြားပြီး အချင်းဖြစ်ပွားသူများအနေဖြင့် ရန်လိုသည့်လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အခက်အခဲများကို ကြိုးပမ်းကျော်လွှားရန်၊ အနှောင့်အယှက်များကိ ဖယ်ရှားရန်၊ ထိတွေ့ဆက်ဆံမှုများကို ပြန်လည်စတင်ရန်၊ ဆွေးနွေးမှုများ ပြန်လည်ဆောင်ရွက်ရန်၊ စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် ဘက်စုံငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေး ကြိုးပမ်းရန်၊ ထို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဆက်လက် အားဖြည့်ကူညီပေးကြရန် တိုက်တွန်းခဲ့သည်။

ဝမ်ရိက အမေရိကန်နှင့် အီရန်အကြား ရရှိခဲ့သည့် ပထမအဆင့် နားလည်မှုစာချွန်လွှာသည် ခဲရာခဲဆစ်ရရှိထားခြင်း ဖြစ်ကြောင်း၊ ယင်းမှာ နှစ်ဖက်ဆွေးနွေးမှု၏ အောင်မြင်မှုရလဒ်ဖြစ်သလို နိုင်ငံတကာ အသိုက်အဝန်း၏ အတူတကွကြိုးပမ်းမှုနှင့်လည်း ကင်းကွာ၍ မရကြောင်း၊ အထူးသဖြင့် ပါကစ္စတန်နိုင်ငံသည် ကြားဝင်ညှိနှိုင်းရေးတွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း အလေးထားပြောကြားခဲ့သည်။

နားလည်မှုစာချွန်လွှာ၏ ပင်မအကြောင်းအချက်များမှာ အချင်းဖြစ်သူများ၏ အခြေခံ၊ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီသလို နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်လင့်ချက်နှင့်လည်း လျော်ညီဖြစ်ရာ အဆပေါင်းများစွာ တန်ဖိုးထားသင့်ကာ ဂရုတစိုက်ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးသည် မျက်စိလက်တစ်ကမ်းမှာပင် ရှိရာ အချည်းနှီးဖြစ်၍ မရသလို ရရှိပြီးသည်ကို ပြန်လည်ဆုံးရှုံးသွားအောင် ပို၍ပင် လုပ်ဆောင်၍မရကြောင်း၊ ဘက်အသီးသီးအနေဖြင့် ပြုထားသည့်ကတိကဝတ်များကို ထမ်းရွက်ကာ နားလည်မှုစာချွန်လွှာပါသတ်မှတ်ချက်များကို လေးစားလိုက်နာသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းမှုများကို အစဉ်အတိုင်း ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်သလို အခြေအနေများ ပြေလျော့သွားစေရန်အတွက်လည်း မိမိတို့နည်းလမ်းဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Mohammad Ishaq Dar က ပါကစ္စတန်နိုင်ငံဘက်မှ လတ်တလော လုပ်ဆောင်ခဲ့သော ကြိုးပမ်းဆောင်ရွက်မှုများကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ နားလည်မှုနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中巴呼吁美伊双方尽快停火复谈

新华社上海7月17日电(记者马卓言、唐斯琦)7月16日晚,中共中央政治局委员、外交部长王毅在上海会见巴基斯坦副总理兼外长达尔时,就伊朗局势交换意见,协调立场。   

双方对当前局势的恶化表示担忧,呼吁当事方立即停止敌对行动,努力克服困难,排除干扰,重启接触,恢复对话,力争通过谈判最终达成全面和平协议,国际社会也应继续为此提供助力。   

王毅强调,美伊达成的第一阶段谅解备忘录来之不易,既是双方谈判成果,也离不开国际社会的共同努力,尤其是巴方发挥了不可或缺的协调斡旋作用。备忘录核心条款不仅符合当事方根本和长远利益,也顺应国际社会共同期待,理应倍加珍惜,需要精心呵护。和平就在眼前,不能功亏一篑,更不能得而复失。各方应履行所做承诺,遵守备忘录的规定。中方将一如既往支持巴方调解努力,也将继续以自己的方式为推动局势缓和发挥建设性作用。

达尔介绍了巴方近期所做的努力,感谢中方的理解和支持,表示巴方将迎难而上,继续积极劝和促谈。(完)

1. 5月28日,中共中央政治局委员、外交部长王毅在纽约会见巴基斯坦副总理兼外长达尔。 新华社记者 张凤国 摄