တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲခန်းမနှင့် ကွန်ဗင်းရှင်းစင်တာတွင် ဓာတ်ပုံရိုက်သည့်စွမ်းရည်များအား ပြသနေသည့် စက်ရုပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲခန်းမနှင့် ကွန်ဗင်းရှင်းစင်တာတွင် ဓာတ်ပုံရိုက်သည့်စွမ်းရည်များအား ပြသနေသည့် စက်ရုပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအဆောက်အအုံ၊ အကြီးစား AI နည်းပညာမော်ဒယ်ပုံစံများအား စက်မှုလုပ်ငန်းဆိုင်ရာအသုံးပြုခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတို့တွင် အလားအလာသစ်များကို ပြသလျက်ရှိကြောင်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန်ခွဲမှု အဆင့်မြင့်အစည်းအဝေးတွင် ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်၌ ‌ဖော်ပြခဲ့သည်။

စွမ်းအင်ပံ့ပိုးမှုသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲနိုင်သောကိန်းရှင်သစ်တစ်ခုဖြစ်လာခြင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ AI အခြေခံအဆောက်အအုံများကို ဆက်လက်တိုးချဲ့လျက်ရှိကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ သတင်းအချက်အလက်အင်စတီကျုနှင့် ပီကင်းတက္ကသိုလ်တို့မှ ရေးသားပြုစုသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ AI ဆန်းသစ်တီထွင်မှုအညွှန်းကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် သိသိသာသာ တန်ဖိုးမြင့်မားသော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်လာကြခြင်းနှင့်အတူ AI နည်းပညာမော်ဒယ်ပုံစံများအား စက်မှုလုပ်ငန်းဆိုင်ရာအသုံးပြုရေး အာရုံစိုက်မှုသည် ယေဘုယျရည်ရွယ်ချက်မှ သတ်မှတ်ထားသော လုပ်ငန်းဆိုင်ရာအသုံးချမှုများဖြစ်သည့် လေ့ကျင့်သင်ကြားမှုမှ အသုံးချမှု၊ နည်းပညာအား တစ်နေရာတည်း၌ အသုံးပြုခြင်းမှ လုပ်ငန်းဖြစ်စဥ်တစ်ခုလုံးအသွင်ပြောင်းခြင်းအထိ တိုးတက်ပြောင်းလဲလျက်ရှိသည်။      

ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုအတွက် အဆောတလျင် လိုအပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုနှင့် အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှုကို ရှုထောင့်မျိုးစုံတွင် မြှင့်တင်လျက်ရှိကြောင်းလည်း အဆိုပါအစီရင်ခံက ဖော်ပြထားသည်။

အဆိုပါ ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ AI ဆန်းသစ်တီထွင်မှုအညွှန်းကိန်းအစီရင်ခံစာက နိုင်ငံ ၄၆ နိုင်ငံတွင် AI ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိန်းဂဏန်းအခြေပြုအကဲဖြတ်ဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း AI ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယေဘုယျအခင်းအကျင်းနှင့် တိုးတက်ပြောင်းလဲလာသော အလားအလာများအား ထင်ဟပ်စေလျက်ရှိကြောင်း သိရသည်။ (Xinhua)

..................

(English Version)

Chinese report unveils new global AI development trends

SHANGHAI, July 17 (Xinhua) -- Global artificial intelligence (AI) development is showing fresh trends in terms of infrastructure, industrialization of large models and global governance, said a report released on Friday at the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai.

Global AI infrastructure continues to expand, with energy supply emerging as a new variable for future development, said the 2026 global AI innovation index report compiled by the Institute of Scientific and Technical Information of China and Peking University.

The industrialization focus of large AI models is shifting from general-purpose to vertical applications, from training to inference, and from single-point technology deployment to whole business process transformation, with enterprises opting for significant heavy-asset investment.

The report also noted that there is an urgent demand for global AI governance, and that China is promoting global AI governance and inclusive cooperation in multiple dimensions.

The 2026 global AI innovation index report carried out quantitative evaluations of AI innovation and development across 46 countries, reflecting the overall landscape and evolving trends of AI development worldwide. ■

English Caption

A robot demonstrates photo-taking abilities at the Shanghai World Expo Exhibition and Convention Center in Shanghai, east China, July 17, 2026. (Xinhua/Wang Xiang)