
ရှန်ဟိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
စွမ်းအင်၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံတွင် နယ်စပ်ဖြတ်ကျော်စီမံကိန်းများအတွက် မိုးလေဝသဆိုင်ရာ စဉ်ဆက်မပြတ်ပံ့ပိုးမှုပေးမည့် သတိပေးစနစ် ထူထောင်ရန် ရည်ရွယ်၍ အသိဉာဏ်ရှိသော ခန့်မှန်းခြင်းနှင့် မိုးလေဝသဘေးအန္တရာယ်များအား ကြိုတင်သတိပေးခြင်းအတွက် တရုတ်-ထိုင်း ပူးတွဲလက်တွေ့စမ်းသပ်ခန်း တည်ဆောက်မည်ဟု တရုတ်နိုင်ငံ၏ မိုးလေဝသအာဏာပိုင်များက ဇူလိုင် ၁၇ ရက်၌ ကြေညာခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး၏ မိုးလေဝသဆိုင်ရာ ဖိုရမ်ခွဲတွင် အဆိုပါကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
AI ပံ့ပိုးထားသော မိုးလေဝသအသုံးချမှုများနယ်ပယ်တွင် ကမ္ဘာ့ပထမဆုံး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လက်တွေ့စမ်းသပ်ခန်းဖြစ်သည့် အဆိုပါပူးတွဲစမ်းသပ်ခန်းက တိုင်ဖွန်းမုန်တိုင်းများ၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် မိုးခေါင်ခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်များအတွက် အသိဉာဏ်ရှိသော ကြိုတင်သတိပေးခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ အာရုံစိုက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပူးတွဲစမ်းသပ်ခန်းသည် တရုတ်နိုင်ငံ၏ မားကျူ (MAZU) အသိဉာဏ်ရှိသော မိုးလေဝသ ကြိုတင်သတိပေးစနစ်အား အခြေခံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသစီမံခန့်ခွဲရေးဌာန၏ အဆိုအရ သိရသည်။
ထိုပူးတွဲစမ်းသပ်ခန်း၏ သုတေသနအဖွဲ့များတွင် ကမ္ဘာ့လေထုသိပ္ပံ၊ ဉာဏ်ရည်တု၊ စွမ်းအင်စနစ်များ၊ စိုက်ပျိုးရေးမိုးလေဝသနှင့် နယ်စပ်ဖြတ်ကျော် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များမှ ကျွမ်းကျင်ပညာရှင် ၄၀ ဦးကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။ (Xinhua)
..................
(English Version)
China, Thailand to build lab for AI-powered meteorological disaster prediction
SHANGHAI, July 17 (Xinhua) -- China's meteorological authority on Friday announced the launch of a China-Thailand joint laboratory for intelligent prediction and early warning of meteorological disasters, aiming to develop a warning system that will provide sustained meteorological support for cross-border projects in power, agriculture and infrastructure.
The announcement was made at a meteorological sub-forum of the 2026 World AI Conference and High-Level Meeting on Global AI Governance, held in Shanghai in east China.
As the world's first bilateral cooperation lab in the field of AI-powered meteorological applications, the joint lab will focus on developing intelligent early warning technologies for disasters including typhoons, heavy rainfall, high temperatures and droughts.
It will be based on China's MAZU intelligent meteorological early warning system, according to the China Meteorological Administration.
Research teams of the joint lab comprise more than 40 experts covering atmospheric science, artificial intelligence, power systems, agricultural meteorology and cross-border regional cooperation. ■
English Caption
Staff members show an environmental data acquisition solution at the exhibition area of Ace Robotics at the Shanghai World Expo Exhibition and Convention Center in Shanghai, east China, July 17, 2026. (Xinhua/Zhang Xiaoyu)






